အတိုက်အခံအမတ်များ လွှတ်တော်ထဲ မဝင်နိုင်ရန် ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့ တားဆီး

578
မေလ ၁၄ ရက်နေ့က ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အတိုက်အခံ လွှတ်တော်အမတ်တွေကို လွှတ်တော်ထဲ မဝင်နိုင်အောင် တားဆီးခဲ့ပါတယ်။
ခေါင်းဆောင်း ဆောင်းပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ထောက်လှမ်းရေး အေးဂျင့်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသား အစောင့်တပ်ဖွဲ့တွေဟာ လွှတ်တော်အနီးဝန်းကျင်က လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့ပြီး လွှတ်တော်အမတ်တွေ၊ လက်ထောက်တွေနဲ့ ဂျာနယ်လစ်တွေကို ဝင်ရောက်ခွင့် တားဆီးခဲ့ပါတယ်။
လွှတ်တော်အတွင်း ဖောက်ခွဲရေးပစ္စည်း တွေ့တာကြောင့် အမျိုးသားအစောင့်တပ်က ဝင်ခွင့်ပိတ်ထားတာဖြစ်တယ်လို့ အတိုက်အခံ လွှတ်တော်အမတ် ဟွမ်ပတ်ဘလို ဂူနီပါက ရိုက်တာကို ပြောပါတယ်။