A d v e r t i s e m e n t With Us

ဟောလိဝုဒ် လူငယ်အချစ်ဒရာမာ ရုပ်ရှင်ပရိသတ် အကြိုက် The Sun Is Also a Star ရုပ်ရှင် (နမူနာ)

ထူးထူးခြားခြား ဟောလိဝုဒ် လူငယ်အချစ်ဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Sun Is Also a Star ရုပ်ရှင်ကို လာမယ့် မေလ ၁၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. က တင်ဆက်လိုက်တာဖြစ်ပြီး ဟောလိဝုဒ် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Ry Russo-Young က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Young Adult Novel အမျိုးအစား စာအုပ်တွေနဲ့ ထင်ရှားတဲ့ Jmaican-American စာရေးဆရာမ Nicola Yoon ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်း ပုံဖော်ဖန်တီးလိုက်တာပါ။ ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသား စုံတွဲတတွဲရဲ့ အချစ်အကြောင်းကို ရိုးရိုးရှင်းရှင်း ရိုက်ပြထားခဲ့တာ ဖြစ်ပါတယ်။ Natasha Kingsley ဟာ Quantum Physics အထူးပြု ကျောင်းသူတဦးဖြစ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူတဦး ဖြစ်ပါတယ်။ တရက်မှာတော့ Exchange Program နဲ့ ရောက်လာတဲ့ ကျောင်းသား Daniel Bae နဲ့ ဆုံမိပြီး ချစ်ကြိုက်မိသွားခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက်ပဲ Natasha ရဲ့ မိသားစုဟာ နေထိုင်ရာ အိမ်ကနေ နှင်ထုတ်ခံရဖို့ အကြောင်းဖန်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ သူတို့ ၂ ယောက်ရဲ့ အချစ်ခရီးလမ်းက ဖြောင့်ဖြူးနိုင်ပါ့မလား ဆိုတာကိုတော့ မကြာခင် စောင့်မျှော်ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် လူငယ်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Yara Shahidi နဲ့ Charles Melton တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up