Saturday, June 3, 2023
Homeသတငျးတိုဆက်သွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်

ဆက်သွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးမယ့် “ဆက်သွယ်ရေး” ဥပဒေကြမ်းကို အများပြည်သူ သိရှိနိုင်အောင် နိုင်ငံပိုင် သတင်းစာတွေကနေ တဆင့် ဒီနေ့ ထုတ်ပြန်ပေးလိုက်ပါတယ်။

အဲဒီ ဥပဒေကြမ်းထဲမှာ ဆက်သွယ်ရေးလုပ်ငန်းကို ပြည်တွင်းတင်မက ပြည်ပ ကုမ္ပဏီတွေကပါ ရင်းနှီးမြှုပ်နှံခွင့်ပြုမယ့် အချက်တွေ ထည့်သွင်းထားပြီး ပြိုင်ဆိုင် လုပ်ကိုင်တာကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို တားမြစ်ထားတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ဆက်သွယ်ရေး ၀န်ကြီးဌာနဟာ တယ်လီဖုန်း၊ အင်တာနက် စတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ အားလုံးကို တဦးတည်း လုပ်ကိုင်နေရာကနေ ဆက်သွယ်ရေး ကော်ပိုရေးရှင်း၊ ရတနာပုံတယ်လီပို့စ်နဲ့ အခြားပုဂ္ဂလိက ကုမ္ပဏီ ၂ ခု စုစုပေါင်း ၄ ခု ပြိုင်ဆိုင်လုပ်ကိုင်စေမယ့် အစီအစဉ် တခု ကြေညာထားပြီးဖြစ်ပါတယ်။

ဒီလို လုပ်ကိုင်နိုင်ဖို့အတွက် နဂို ဆက်သွယ်ရေးဥပဒေ အဟောင်းတွေကို အစားထိုးမယ့် အခု ဥပဒေကြမ်းကို လွှတ်တော်မှာတင်ပြဖို့ ဖြစ်ကြောင်း သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular