Homeသတင်းဓာတ်ပုံ
ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ ကျန်းမာရေးမကောင်းသည့် ဇာတ်ပို့ သရုပ်ဆောင်ကြီးများကို ငွေလှူဒါန်း
ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ ကျန်းမာရေးမကောင်းသည့် ဇာတ်ပို့ သရုပ်ဆောင်ကြီးများကို ငွေလှူဒါန်း
DVB
·
May 14, 2019
ပြည်သူ့အကယ်ဒမီဆုရရှိခဲ့တဲ့ ဒါရိုက်တာ ဏကြီးနဲ့ မင်းသမီး ပိုင်ဖြိုးသု တို့ဟာ ပရိတ်သတ်ကပေးတဲ့ ချီးမြှင့်ငွေအားလုံးကို ကျန်းမာရေး မကောင်းဖြစ်နေတဲ့ ဝါရင့်ဇာတ်ပို့ သရုပ်ဆောင် ဦးမန်းဝင်း၊ ဦးပေါ်လေး၊ ဦးဝင်းနိုင်(အနုပညာ)၊ ဦးဧရာနဲ့ ကစ်ကစ် တို့ကို ခွဲဝေကန်တော့လိုက်ပါတယ်။
“ခုနစ်ရက်သားသမီးပရိတ်သတ်တွေရဲ့ အလှူဖြစ်တာမို့ အားလုံးသာဓုခေါ်နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်”လို့ သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။
ပြည်သူ့အကယ်ဒမီဆုပေးပွဲကို မေလ ၁၂ ရက်ညက ရန်ကုန်မြို့မှာကျင်းပခဲ့ပြီး “ဥပါယ်တံမျဉ်” မင်းသားဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံနဲ့ “မီ” ရုပ်ရှင်ဇာတ်ကား ရဲ့ ဒါရိုက်တာ ဏကြီးနဲ့ မင်းသမီး ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကို မြန်မာရုပ်ရှင်ကြည့် ပရိတ်သတ်တွေက ဂုဏ်ပြုဆုပေးအပ်ခဲ့တာပါ။
ဆုငွေအဖြစ် ကျပ်သိန်း ၇၀ ကျော်နဲ့ မြန်မာပန်းပုလက်ရာ ဆုရုပ်တုတွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ- ပိုင်ဖြိုးသု