Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 14, 2019
မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၈၂၂၀၀ ပေါက်ဈေးရှိပြီး ၁၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ(သစ်) တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၈၀၀ ကျပ် ဈေးကွာခြားပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၁၆၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၈၀၀၀  ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၆၄၀၀ ကျပ် ဈေးကွာခြားပါတယ်။ ပဲတီစိမ်း ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၈၅၂၀၀ ကနေ ၁၂၆၅၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်း တအိတ်ကို ၁၁၇၀၀၀ ကနေ ၁၁၈၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၈၅၀၀ ကျပ် ဈေးကွာခြားပါတယ်။ ပဲလွန်းဖြူ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၆၀ ပိသာဝင်တအိတ်ကို ၆၀၉၀၀ ကနေ ၆၈၁၀၀ အထိ ပေါက်ဈေးရှိပြီး ၂၁၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူတအိတ်ကို ၆၀၀၀၀ ကနေ ၆၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၁၀၀ ကျပ် ဈေးကွာခြားပါတယ်။ ပဲကြီး မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၇၃၀၀၀ ကနေ ၉၈၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၉၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်း ကုန်စည်ဒိုင် ၅၀၀၀ ကျပ် ဈေးကွာခြားပါတယ်။ ကုလားပဲ (ဟော်လန်) ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ကုလားပဲ (ဟော်လန်) က ၆၀ ပိသာဝင်တအိတ်ကို ၈၂၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပေါင်းတည်ကုန်စည်ဒိုင်မှာ ကုလားပဲ ဟော်လန် တအိတ်ကို ၉၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်းနဲ့ ပေါင်းတည်ကုန်စည်ဒိုင် ၇၅၀၀ ကျပ် ဈေးကွာခြားပါတယ်။ ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024