Home
မြန်မာသတင်း
ဂွမြို့တွင် အသက် ၈၈ နှစ်အရွယ်အဘိုးအို ၁ ဦး ဆွဲကြိုးချသေဆုံး
DVB
·
May 14, 2019
ရခိုင်ပြည်နယ်၊ ဂွမြို့မှာ ဒီကနေ့ မေလ ၁၄ ရက် မနက်အစောပိုင်းက စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ အသက် ၈၈ နှစ်အရွယ် အဘိုးအိုတဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူမှာ ဂွမြို့၊ မြို့မရပ်ကွက်၊ ပိတောက်လမ်းနေ ဦးစိန်ခက် ဖြစ်ပြီး သူနေတဲ့ နေအိမ် အိပ်ခန်းအတွင်းမှာပဲ သေဆုံးနေတာကို ဒီမနက် ၅ နာရီလောက်မှာ မိသားစုတွေက တွေ့ရှိခဲ့ကြတယ်လို့ ဂွမြို့မရဲစန်းက ပြောပါတယ်။ ဂွမြို့မစခန်းမှူး ဒုရဲမှူး မျိုးခိုင်က "ပုံမှန်စိတ်တော့ မဟုတ်ဘူးပေါ့။ အပြင်ကို လျှောက်ထွက် သွားချင်တယ်။ အသက်ကလဲကြီးပြီလေ။ ၈၈ နှစ်ရှိပြီဆိုတော့ တခြားလူမှုရေးကိစ္စတွေ ဘက်မှာ တော့ မရှိဘူး။ သာမန်စိတ် အနေအထား မဟုတ်လို့ဘဲ"လို့ ပြောပါတယ်။ သေဆုံးသူရဲ့ နာရေးနဲ့ ပတ်သက်ပြီး ကူညီပေးနေတဲ့ ထာဝရမေတ္တာ နာရေး ကူညီမှုအသင်းအဖွဲ့ကတော့  ဦးစိန်ခက်ရဲ့ရုပ်အလောင်းကို မြို့နယ်ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး လက်ရှိမှာတော့ နေအိမ်သို့ ပြန်လည်ယူဆောင်က အသုဘကိစ္စကို ဆောင်ရွက်နေပါတယ်။ အဲဒီသေဆုံးမှုဟာ ဓမ္မတာတိုင်း သေဆုံးမှု ဖြစ်တဲ့အတွက် သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၉ နဲ့ အမှုဖွင့်ထားတယ်လို့  မြို့နယ်ရဲ တပ်ဖွဲ့က ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ ကျော်မြင့်မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024