ဘရိုက်တန်နည်းပြ ရာထူးက ထုတ်ပယ်ခံရ

1.3K
ဘရိုက်တန်အသင်းဟာ နည်းပြ ခရစ္စဟောက်တန်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
မန်စီးတီးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး နောက်တနေ့မှာပဲ နည်းပြ ဟောက်တန်ကို ထုတ်ပယ်လိုက်တာပါ။
ဘရိုက်တန်အသင်းဟာ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ခဲ့ပေမယ့် နောက်ဆုံးပွဲစဉ် ၂၃ ပွဲမှာ ၃ ပွဲပဲ အနိုင်ရခဲ့တာကြောင့် ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌက ဆိုပါတယ်။
ဟောက်တန်ဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အသင်းကို နှစ်ပေါင်း ၃၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုနှစ် ဘောလုံးရာသီ နောက်ပိုင်းမှာ ရလဒ်တွေ ဆိုးခဲ့တာဟာ အန္တရာယ်ရှိပြီး အခုချိန်မှာ အပြောင်းအလဲ လုပ်ဆောင်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဘရိုက်တန်အသင်း ဥက္ကဋ္ဌက ပြောပါတယ်။
ဒါပေမယ့် နည်းပြ ဟောက်တန် ကိုင်တွယ်ခဲ့တဲ့ ၄ နှစ်ခွဲကာလအတွင်းမှာ သူ့ရဲ့စွမ်းဆောင်မှုတွေကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့လည်း အသင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။