Home
မြန်မာသတင်း
လေယာဉ်ဘီး ၃ ဘီးလုံး မကျခဲ့ပါက ရေပြင်တွင် ဆင်းသက်မည်ဟု MNA လေယာဉ်မှူးပြော
DVB
·
May 13, 2019
60131291_2383583065211713_5095470563418177536_n
ရန်ကုန်ကနေ မန္တလေးကိုပျံသန်းတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးစဉ်  အမှတ် UB 103 ခရီးသည်တင်လေယာဉ်ဟာ မေလ ၁၂ ရက် မနက်ပိုင်းက မန္တလေးလေဆိပ်ကို ဆင်းချိန် လေယာဉ်ရှေ့ဘီးချမရတာကြောင့် လေယာဉ်ခေါင်းစိုက်ပြီး ရှပ်တိုက် အရေးပေါ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီလေယာဉ်အမျိုးအစားအတွက် အခုလိုမျိုး Error ဖြစ်တာ ပထမဆုံးဖြစ်တယ်လို့ အဆိုပါ လေယာဉ်ကို မောင်းနှင်ခဲ့တဲ့ လေယာဉ်မှူး ဦးမြတ်မိုးအောင်ကပြောပါတယ်။ ဒါ့အငြ် လေယာဉ်ဘီးသုံးဘီးလုံး မကျခဲ့ရင်တော့ မြေပြင်မှာ ဆင်းသက်တာထက် ရေပြင်ကို ဆင်းဖို့ရွေးချယ်မှာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ အခုဖြစ်စဉ်မှာ နောက်ဘီးနှစ်ဘီးကျပြီး ရှေ့ဘီးချတဲ့ တံခါးက အနည်းငယ်ပွင့် နေတာကလည်း အထိခိုက်နည်းသွားစေတာဖြစ်တယ်လို့ လေယာဉ်မှူး ဦးမြတ်မိုးအောင်က ဆိုပါတယ်။ လေယာဉ်မှူးဦးမြတ်မိုးအောင်ဟာ တပ်မတော်မှာ ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်း ဆောင်ဖူးပြီး အခုလို အရေးပေါ်အခြေအနေကြုံခဲ့တာက ဒီတကြိမ်ဆို လေးကြိမ်ရှိပြီလို့လည်း သိရပါတယ်။ လေယာဉ်ပေါ်မှာ ၀န်ထမ်း ၇ ဦးနဲ့  အနုပညာရှင်တွေအပါအ၀င် ခရီးသည် ၈၂ ဦး လိုက်ပါလာပြီး လေယာဉ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆင်းသက်နိုင်တဲ့ လေယာဉ်မှူး ဦးမြတ်မိုးအောင်နဲ့ လေယာဉ်အမှုထမ်းတွေကြောင့် ခရီးသည်တွေ အသက်အန္တရယ် ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။ လေယာဉ်မှူးရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေမှာလည်း ချီးကျူးရေးသားဖော်ပြနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024