ဘင်္ဂလားဒေ့ရှ်တွင် သူနာပြု ၁ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် ဆန္ဒပြပွဲများ ပေါ်ပေါက်

2K
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျောင်းသူတယောက်ကို မီးရှို့သတ်မှုအပြီး သီတင်းပတ်တွေ အတွင်းမှာပဲ သူနာပြုတယောက် ထပ်ပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခံရလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အမျိုးသမီးတွေကို ပိုပြီးကာကွယ်ဖို့ ထပ်ပြီး ဆော်သြခဲ့ကြပါတယ်။ မြို့တော်ဒါကာက ဆေးရုံတရုံမှာ သူနာပြုအဖြစ် အလုပ်လုပ်နေတဲ့ အသက် ၂၄ နှစ်အရွယ် ရှာဟီနူးရ်အခ်တာ တာနီယာဟာ ခီရှိုရေဂံမြို့က သူ့အိမ်ဆီ မေလ ၆ ရက်က ပြန်ချိန်မှာ ဘတ်စ်ကားပေါ်မှာ အဓမ္မပြုကျင့်ခံရအပြီး ကားပေါ်ကနေ တွန်းချခံခဲ့ရတယ်လို့ ဆေးဘက်အစီရင်ခံစာတွေက ပြောပါတယ်။
"ရာဇဝတ်သားတွေကို ခြွင်းချက်မရှိ ပြစ်ဒဏ်ပေးဖို့ ကျမတို့ တောင်းဆိုနေတယ်၊ သူတို့ကို ကြိုးပေးသတ်ဖို့ တောင်းဆိုတယ်" လို့ အကြီးတန်းသူနာပြု ခါလေဒါ အခ်တာက ဆေးရုံအပြင်ဘက်က ဆန္ဒပြပွဲအတွင်း လူထုကို ပြောခဲ့ပါတယ်။
မနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီး အယောက် ၉၅၀ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် မာဟီလာ ပါရစ်ရှ်ဟဒ် အဖွဲ့က လုပ်တဲ့ စစ်တမ်းက ဆိုပါတယ်။