Home
မြန်မာသတင်း
စာရေးဆရာကြီး သော်တာဆွေ၏ ရာပြည့်မွေးနေ့ပွဲ ကျင်းပမည်
DVB
·
May 13, 2019
59975438_2015345315253961_6375308171233198080_n
60206857_2015343935254099_6741375264732741632_n
မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ ဟာသ စာရေးဆရာကြီးသော်တာဆွေရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲနဲ့ အလှူငွေပေးအပ်ပွဲကို လာမယ့် မေလ ၁၉ ရက်၊ တနင်္ဂနွေနေ့ ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိနေပါတယ်။ မွေးနေ့ပွဲကို ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တံတားအနီး၊ နာရေးကူညီမှု အသင်းအနောက်ဘက်၊ ဗိုလ်မှူးဗထူးလမ်းရှိ မဟာဗောဓိ ဗုဒ္ဓဂါယာကျောင်းတိုက်မှာ မနက် ၉ နာရီကနေ ၁၂ နာရီအထိ  ကျင်းပမှာ ဖြစ်ပါတယ်။ မွေးနေ့ပွဲနဲ့ အတူ စာရေးဆရာကြီးသော်တာဆွေနဲ့ ပတ်သက်ပြီး  ‘သူတို့အမြင် သူတို့ရှုထောင့်’ ဟောပြောပွဲကိုလည်း ကျင်းပဖို့ရှိပါတယ်။ ဆရာကြီး သော်တာဆွေဟာ ၁၉⁠၉၅ ခုနှစ် မတ်လ ၄ ရက်က ရန်ကုန်မြို့ အမှတ် (၂) တပ်မတော်ဆေးရုံကြီးမှာ အာရုံကြောရောဂါနဲ့  အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။ ဆရာကြီးသော်တာဆွေ ရေးသားခဲ့ပြီး ထင်ရှားတဲ့ စာအုပ်တွေကတော့  ကျွန်တော့်ဘဝ ဇာတ်ကြောင်းအတွဲများ၊ ကြက်ဋီကာ၊ မဟာစံအိမ်တော်ကြီး၊ ဘွန္တောကြက်သူခိုး၊ ပုဂံ သူရဲကောင်းများ၊ ဟာသဝတ္ထုတိုများ၊ ဘဝထိုထို၊ သတ္တဝါတို့သံသရာ၊ ဤလောက မြေမဟီဝယ်နဲ့ လောကလူ့ပြည် စတာတွေဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024