A d v e r t i s e m e n t With Us

မိုင်းပျဉ်းတွင် ချောင်းအတွင်း ယာဉ်တစီး ထိုးကျ၊ ၅ ဦး ရေနစ်သေဆုံး

ရှမ်းပြည်နယ်၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက် ကျိုင်းတုံ-တောင်ကြီးကားလမ်း မိုင်တိုင် (၃၃၆/၇) ကြားမှာ မေ ၁၂ ရက် ညနေပိုင်းက ယာဉ်တစီး  ချောင်းထဲထိုးကျခဲ့လို့ ၅ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။ တာချီလိတ်ကနေ တောင်ကြီးကို မောင်းနှင်ပြီး လူ ၇ ဦးလိုက်ပါလာတဲ့ ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ အနက် ၅၀ ပေလောက် ချောင်း (ရေအနက် ၇ ပေ) အတွင်း ထိုးကျပြီး ပက်လက်လန်တိမ်းမှောက်ခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း သီဟ အပါအ၀င် ၅ ဦး (ကျား ၃၊ မ ၂) တို့ ယာဉ်အတွင်းပိတ်မိပြီး အခင်းဖြစ်နေရာမှာ ရေနစ်သေဆုံးခဲ့ကာ ကျန် ၃ ဦး (မစိုးရိမ်ရ)  ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မိုင်းပျဉ်းပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းပျဉ်းမြို့မရဲစခန်းက ယာဉ်မောင်းဖြစ်သူကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/ သာမန်နာကျင်စေမှု၊ ယာဉ်မဆင် မခြင် မောင်းနှင်မှုတို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up