Home
မြန်မာသတင်း
ရတနာပုံ တက္ကသိုလ်ကျောင်းသားများ ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်
Aung Aung Naing
·
May 13, 2019
60230450_300940517463113_8638286509184647168_n
60142325_300940327463132_2631547430289539072_n
60138711_300940414129790_15884790515367936_n
60040945_300940377463127_1085464920054562816_n
60038418_300940560796442_8912209644898746368_n
59972913_300940464129785_5030072479381454848_n
အဝေးသင်ပညာရေးစနစ်သစ်ဟာ ကျောင်းသားတွေ ကျောင်းတက်ရာမှာ အခက်ခဲ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ရတနာပုံတက္ကသိုလ် အဝေးသင်ကျောင်းသားတွေနဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး ဖဲကြိုးနီ ကမ်ပိန်းပြုလုပ် ကန့်ကွက်ခဲ့ကြပါတယ်။ ပထမနှစ်အဝေးသင်ကျောင်းသားသူရိန်မိုးက “ကျနော်တို့ အဝေးသင်ကျောင်းသားတွေကို orentation ၅ ရက်နဲ့ အနီးကပ် ၅ ရက် တက်ခိုင်းဟာ ကျောင်းသားထုအတွက် အဆင်မပြေဘူး။ ဒါကြောင့် အခုလို ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ခြင်းဖြစ်တယ်။ အဝေးသင်အားလုံးက ကျောင်းတက်ရင်းအလုပ် လုပ်ကြတဲ့သူတွေများတယ်။ အစိုးရဝန်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေလည်းရှိတယ်။ ဒါကြောင့် အခုပြောင်းလဲ ထုတ်ပြန်လိုက်တဲ့ အဝေးသင်ပညာရေး စနစ်သစ် ကြေညာချက်ဟာ အဆောင်ငှားစရိတ်တွေ ကျူရှင်စရိတ်တွေ သွားလာရေးနဲ့နေထိုင် စားသောက်စရိတ်တွေ အခက်အခဲရှိလာမှာမို့ အခုလို ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်ကြတာပါ”လို့ ဥပဒေ ပြောပါတယ်။ အဝေးသင်ပညာရေးစနစ်သစ်ကြေညာချက်ကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာရေး ဦးစီးဌာနက မေလ ၉ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024