A d v e r t i s e m e n t With Us

ဗြိတိန်တွင် အမေများနေ့က ထောင်ချီသည့် မိခင်နှင့်ကလေးများ ချီတက်ဆန္ဒပြ

မေလ ၁၂ ရက်က ကျရောက်တဲ့ အမေများနေ့မှာ ထောင်ချီတဲ့ မိခင်နဲ့ ကလေးတွေ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စုဝေးချီတက်ကာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး တာဝန်ပျက်ကွက်မှုတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ အမေများနေ့ ဆန္ဒပြပွဲကို 'Mothers Rise Up' လို့ အမည်ရတဲ့အဖွဲ့က ဦးစီးခဲ့တာပါ။ ကုလသမဂ္ဂက ကမ္ဘာကြီးပူနွေးမှုကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ၁၁ နှစ်မြောက်ကို ကိုယ်စားပြုပြီး အသက် ၁၁ နှစ်အရွယ် ကလေးတွေက Mothers Rise Up အဖွဲ့ကို ဦးဆောင်နေပါတယ်။ ဆန္ဒပြပွဲကို ချီတက်လာတဲ့ မိခင်တွေက သူတို့ကလေးတွေရဲ့ အနာဂတ်ရေး စိုးရိမ်တယ်လို့ ပြောခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ Hyde Park Corner လမ်းဆုံကနေ စတင်ချီတက်လာပြီး ပါလီမန်ရင်ပြင်မှာ ချီတက်ပွဲကို အဆုံးသတ်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up