A d v e r t i s e m e n t With Us

ကာဒစ်ကို ရှုံးအပြီး ပေါ့ဂ်ဘာနှင့် မန်ယူပရိသတ်တဦး ပြဿနာဖြစ်

ဓာတ်ပုံ - Twitter/@colcournioni
ကာဒစ်စီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့အပြီးမှာ ပေါ့ဂ်ဘာနဲ့ မန်ချက်စတာယူနိုက်တက် ပရိသတ်တဦး ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ တန်းဆင်းခဲ့ရတဲ့ ကာဒစ်စီးတီး အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ ပွဲအပြီးမှာတော့ ပေါ့ဂ်ဘာနဲ့အတူ ကစားသမားတွေအားလုံးက အသင်းပရိသတ်တွေဆီ သွားပြီး နှုတ်ဆက်ခဲ့ကြပါတယ်။ ပရိသတ်တဦးကတော့ လာနှုတ်ဆက်တဲ့ ပေါ့ဂ်ဘာကို ဒေါသထွက်ခဲ့ပြီး နည်းပြဆိုးလ်ရှား အနေနဲ့ ပေါ့ဂ်ဘာကို ရောင်းချပေးပါလို့ အော်ဟစ် တောင်းဆိုသွားခဲ့သလို ဆဲဆိုတာတွေလည်း လုပ်ခဲ့တာပါ။ ပရိသတ်တဦးက အော်ဟစ်ဆဲဆိုတာကို ပေါ့ဂ်ဘာကိုယ်တိုင်လည်း မြင်တွေ့ခဲ့ရပြီး  စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။ အသက် ၂၆ နှစ်ရှိ ပေါ့ဂ်ဘာဟာ မန်ယူအသင်းမှာ လုပ်ခလစာ ဒုတိယအများဆုံး ကစားသမားဖြစ်ပြီး ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့အပေါ်မှာ ပရိသတ်တချို့က ဒေါသထွက်နေကြပါတယ်။ ပေါ့ဂ်ဘာကို ရီးရဲလ်အသင်းက ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ ပေါ့ဂ်ဘာဟာ  အခုနှစ်ရာသီမှာ အသင်းအတွက် ၁၆ ဂိုး သွင်းယူပြီး ၁၁ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် ရာသီနောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up