Home
မြန်မာသတင်း
အင်းတော်တွင် ​ကျောက်​ကားတစီး တိမ်း​မှောက်၊ ၄ ဦး​ သေဆုံး
DVB
·
May 13, 2019
60584397_2355055621404516_3969799393648836608_n
60097462_2355055661404512_6967270096163045376_n
60042623_2355055644737847_8695175764791787520_n
စစ်​ကိုင်းတိုင်း​ဒေသကြီး အင်​​တော်​မြို့နယ်​ ရွာ​ဟောင်း​ကျေးရွာအနီး ​မေ ၁၂ ရက်​​နေ့ ​နေ့ မွန်းလွဲပိုင်းက ​ကျောက်​တင်​​ဆောင်​လာ​တဲ့ ကားတ​စီး တိမ်​​မှောက်​ရာက ၄ ဦး​သေဆုံးပြီး ၁၁ ဦး ထိခိုက်​ဒဏ်​ရာရခဲ့တယ်လို့ အင်​​တော်​မြို့မရစခန်းက သိရပါတယ်​။ ဖြစ်​စဉ်​မှာ မိုးသူ​ကျေးရွာ ရွာမ ဘုန်​​တော်​ကြီး​ကျောင်း ​ဆောက်​လုပ်​​ရေးအသုံးပြုဖို့​ ​ကျောက်​တွေ တင်​​ဆောင်​လာတဲ့ ယာဉ်​​မောင်း ​မောင်​​ပေါ ​မောင်းနှင်​တဲ့ အပြာ​ရောင်​ ၆ ဘီယာဉ်​ဟာ နားခါ ​ကျေးရွာနားမှာ အရှိန်​မထိမ်းနိုင်​ဘဲ တိမ်း​မှောက်​ခဲ့​တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် အခင်းဖြစ်နေရာမှာ ၃ ဦးနဲ့ ဆေးရုံပို့ဆောင်ကုသခဲ့သူ ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်​ဒဏ်ရာ ရရှိပါတယ်။ ယာဉ်​​မောင်း ​မောင်​​ပေါအား အင်​​တော်​မြို့မရဲစခန်းက​ ပေါ့ဆှေုကြောင့် လူ​သေဆုံး​စေမှု ပုဒ်မ ၃၀၄ က နဲ့  အ​ရေးယူထား​တယ်လို့ သိရပါတယ်။ ကိုလင်း (ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024