A d v e r t i s e m e n t With Us

ဖားကန့်တွင် ကလေးငယ် ခိုးယူသူကို ရွာသားများ ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ကောင်စံကျေးရွာ ရပ်ကွက် ၄ နေအိမ်အမှတ် ၉၈ ဦးမောင်မောင်ရှည်ရဲ့ ၄ နှစ်အရွယ်သမီး မသဇင်ခိုင် ကို အမည်မသိသူတဦးက ခိုးယူမှု ဖြစ်ခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံက သိရပါတယ်။ အဘွားဖြစ်သူအိမ်မှ နေအိမ်ကို တယောက်ထဲပြန်လာစဉ် လမ်းခုလပ်မှာ အမည်မသိသူ တဦးက မသဇင်ခိုင် ကို ဆိုင်ကယ်ပေါ် တင်ဆောင်ခိုးယူခဲ့တာဖြစ်ပြီး အဘွားဖြစ်သူ ဒေါ်သိန်းနု လှမ်းမြင်ပြီး ရပ်ကွက်ကို အော်ဟစ်အကူအညီတောင်းရာမှ ကလေးခိုးသူကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ကလေးငယ် ခိုးယူသူမှာ ရေမဆေးကျောက်ရှာသူ ကျော်လွင်ဆိုသူဖြစ်ပြီး အထက်မှော်ရှန်မှာ နေထိုင်တယ်လို့ သိရပါတယ်။ ကလေးခိုးသူ ကျော်လွင်အား ရာဇသတ်ကြီး ပုဒ်မ ၃၆၃အရ အမှုဖွင့် အရေးယူထားတယ်လို့ ဖားကန့်ရဲစခန်းကနေ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up