A d v e r t i s e m e n t With Us

မန်ချက်စတာစီးတီး ပရီးမီးယားလိဂ်ဖလား ၂ နှစ်ဆက်တိုက် ဆွတ်ခူး (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ မန်ချက်စတာစီးတီးက ဘရိုက်တန်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ခြေစွမ်းပြပြီး နောက်ဆုံးကစားတဲ့ ၁၄ ပွဲဆက်တိုက် အနိုင်ရခဲ့တာပါ။ ချန်ပီယံဆုအတွက် မန်စီးတီးဟာ လီဗာပူးနဲ့ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာပါ။ အနီးကပ်ဆုံးပြိုင်ဘက် လီဗာပူးကလည်း ဝုဗ်အသင်းကို အနိုင်ရပေမယ့် မန်စီးတီးက ၁  မှတ်အသာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိသွားတာပါ။ အခုရတဲ့ ချန်ပီယံဆုဟာ မန်စီးတီးအတွက် သမိုင်းတလျှောက် ၄ ကြိမ်မြောက်ရတာပါ။ မန်စီးတီးက ရမှတ် စုစုပေါင်း ၉၈ မှတ်၊ လီဗာပူးက ၉၇ မှတ်နဲ့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ နည်းပြ ဂွါဒီယိုလာဟာ ၁၀ နှစ်တာ ကာလအတွင်းမှာ သူကိုင်တွယ်တဲ့ အသင်း ၃ သင်းကို အမှတ်ပေးချန်ပီယံ ၈ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၇ နှစ်အတွင်းမှာ မန်စီးတီးက အမှတ်ပေးချန်ပီယံဆုကို ၄ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up