A d v e r t i s e m e n t With Us

စာသင်ခန်းတခန်း မလျော့သွားဖို့ သိုးတွေကို ကျောင်းသားအဖြစ် လက်ခံခဲတဲ့ ပြင်သစ်မြို့လေး

ကျောင်းခန်းတွေထဲမှာ ကျောင်းသားတွေ နည်းလာတာကြောင့် စာသင်းခန်း ဖျက်သိမ်းရမယ့်အရေးက နေကာကွယ်ဖို့ ပြင်သစ်မြို့လေးတမြို့က ကျောင်းသားမိဘတွေဟာ သိုး ၁၅ ကောင်ကို ကျောင်းသားအဖြစ် ကျောင်းအပ်ပေးခဲ့တယ်လို့ မေ ၈ ရက်နေ့ Sky News သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ ပြင်သစ်နိုင်ငံ ခရက်အန် ဘယ်လီဒွန်နီမြို့မှာ အမှန်တကယ်ဖြစ်ပွားခဲ့တာပါ။ ဒီမြို့လေးရဲ့ မူလတန်းကျောင်းမှာ ကျောင်းသားပေါင်း ၂၆၁ ဦးရှိပြီး ဒီကျောင်းသားတွေကို အခန်းပေါင်း ၁၁ ခန်းခွဲပြီး ပညာ သင်ကြားပေးနေပါတယ်။ ဒါပေမယ့် ကျောင်းသားဦးရေ လျော့ကျလာတာကြောင့် ပညာရေးဆိုင်ရာ အရာရှိတွေက အခန်းတခန်းကို ဖျက်သိမ်းပြီး ၁၀ ခန်းသာ ထားရှိဖို့ ကြံရွယ်လာပါတယ်။ ဒီလိုလုပ်လိုက်မယ်ဆိုရင် စာသင်ခန်းမှာ ရှိတဲ့ ကျောင်းသားအရေအတွက်ဟာ လက်ရှိ ၂၄ ဦးကနေ ၂၆ ဦးအထိ မြင့်တက်လာနိုင်တာမို့လို့ ကျောင်းသားမိဘတွေ၊ ကျောင်းအာဏာပိုင်တွေ ပေါင်းပြီး သိုးတွေကို ကျောင်းသားအဖြစ် စာရင်းသွင်းလိုက်ကြတာပဲဖြစ်ပါတယ်။ ဒီသိုးတွေကို ဒေသတွင်းမွေးမြူရေး လုပ်ငန်းရှင်တဦးက ကူညီပေးတာဖြစ်ပြီး သူတို့ကို ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆရာဆရာမတွေရှေ့မှာ တရားဝင်ကျောင်းသားအဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။ မြို့တော်ဝန်က သိုးတွေကို စာသင်နိုင်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပြီး ကျောင်းသားလေးတွေဟာ သူတို့ သူငယ်ချင်းအသစ်တွေကို မြင်တွေ့ရဖို့ စိတ်လှုပ်ရှားနေဟန် ပေါ်လွင်ခဲ့ပါတယ်။ သူတို့ကလေးတွေကို ကြပ်ကြပ်မတ်မတ် စာမသင်စေချင်တဲ့ ကျောင်းသားမိဘတွေက စာသင်ခန်းတခန်းမှာ ကျောင်းသား အများဆုံး  ၂၄ ဦးသာရှိရမယ်ဆိုတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ရဲ့ ပညာရေးမူဝါဒကို ထောက်ပြကာ ဒီလုပ်ဆောင်ချက်ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒါကိုကလေးတွေရဲ့ ပညာရေးအတွက် အတုယူစရာကောင်းတဲ့ ဆောင်ရွက်ချက်တခုအဖြစ်လည်း သူတို့က ရှုမြင်လျက်ရှိပါတယ်။ ဒါပေမယ့် စာသင်းခန်းထဲရောက်ရင် သိုးတွေကို ဘယ်လို ပညာသင်ကြားပေးမလဲ ဆိုတာကိုတော့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up