A d v e r t i s e m e n t With Us

ထောက်လှမ်းရေး အကြီးအကဲဟောင်းကို သစ္စာဖောက်ဟု ဗင်နီဇွဲလားသမ္မတပြော

ဗင်နီဇွဲလား ထောက်လှမ်းရေး အကြီးအကဲဟောင်း မန်နျူယယ် ခရစ္စတိုဖာဟာ သစ္စာဖောက်ဖြစ်ပြီး စစ်တပ်က ဆန္ဒပြဖို့ စီစဉ်ရာမှာ ပါဝင် ကူညီခဲ့တယ်လို့ သမ္မတ နီကိုးလပ်စ် မာဒူရိုက မေလ ဆယ်ရက်မှာ ပြောလိုက် ပါတယ်။ “သူဟာ အာဏာသိမ်းမယ့် စစ်တပ်ရှိတဲ့ နေရာဆီတောင် ရောက်အောင် မသွားနိုင်ဘဲ မနက် အစောကြီးတည်းက ထွက်ပြေးခဲ့တယ်၊ သူရဲဘောကြောင်တဲ့ လူပဲ” လို့လည်း မာဒူရိုက ပြောပါတယ်။ ဧပြီ ၃၀ ရက်မှာ အတိုက်အခံတွေက ဆော်သြတဲ့ စစ်တပ်ဆန္ဒပြပွဲဟာ အာဏာသိမ်းမှုပဲ လို့လည်း သူက ပြောပါတယ်။ သမ္မတဟာ ကာကွယ်ရေးဝန်ကြီး ဗလာဒီမီယာ ပါဒရီနိုနဲ့ တရားရုံးချုပ် အကြီးအကဲ မိုင်ကယ် မိုရေနိုကို အပြည့်အဝ ယုံကြည်တယ်လို့လည်း နိုင်ငံတော် ရုပ်သံကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးချုပ် အကြီးအကဲဟာ မာဒူရိုကို ရာထူးက ဖြုတ်ချဖို့ အစီအစဉ်တွေကို အတိုက်အခံတွေနဲ့ ဆွေးနွေးနေတယ်လို့ အမေရိကန် အရာရှိတွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up