A d v e r t i s e m e n t With Us

ရင်ဖွင့်စာ

တနှစ်တခါ ပြင်နေရတဲ့ လမ်း ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ကျေးလက်လမ်းဖြစ်တဲ့ ပန်းတော- ကမာကလုတ်-မင်္ဂလွန်း-ခနောင် လမ်းတွေဟာ တနှစ်ကိုတခါ ပြန်ပြန်ပြီး ပြင်နေရပါတယ်။ တိုင်းပြည်ဘက်ဂျက်တွေ ဖြုန်းတီးသလိုဖြစ်နေလို့ပါ၊ ဒါလေးအကြံပေးတာပါဗျာ။ အမြဲထာဝရ ကောင်းအောင်၊ ပြန်မပြင်ရအောင် ခင်းပေးလို့ မရဘူးလားလို့ ဒီဗွီဘီကတဆင့် မေးပေးပါခင်ဗျာ။ ကျောက်တန်းမြို့နေသူတဦး မီးခဏခဏပျက်နေတဲ့ ဒေးဒရဲ ရေဧရာဝတီတိုင်း ဒေးဒရဲမြို့မှာ မီးခဏခဏပျက်နေပါတယ်။ မီးလာပြန်တော့လည်း မီးအားက ၂၀ လာက်ပဲရှိတယ်။ ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။ သက်ဆိုင်ရာတွေကိုပြောတော့ လုပ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ဘာမှမလုပ်ပေးဘူး။ အထက်လူကြီးတွေကို သိစေချင်လို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ပါတယ်။ ဒေးဒရဲမြို့ခံတဦး ထီအရောင်းကိုယ်စားလှယ်များ တန်ဈေးဖြင့် ရောင်းပေးပါ   ထီအရောင်းကိုယ်စားလှယ်တွေ ထီဈေးတွေ တန်ရာတန်ဈေးလေးနဲ့ ရောင်းပေးစေလိုပါတယ်။ ၁၀၀၀ တန်ဆို ၁၂၀၀/၁၃၀၀ ရောင်းနေကြပါတယ်။ လူတန်းစားမရွေး ထီထိုးနိုင်ကြဖို့ တနိုင်ငံလုံး ထီဈေးသက်မှတ်ရောင်းချခွင့်ပြုပေးဖို့ သက်ဆိုင်ရာလူများ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ ပြည်သူတဦး အနံ့ဆိုးတွေကြောင့် ပတ်ဝန်းကျင် ဒုက္ခရောက်နေရတဲ့  မြောက်ဥက္ကလာက ၀က်ခြံ   မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် ခွာညို ၄ လမ်း၊ ရေနုတ်ချောင်းဘေး စည်ပင်ပလပ်မြေမှာ မိသားစုတခုမှ ဝက်မွေးမြူရေးလုပ်ငန်းကို စည်းကမ်းမဲ့စွာ လုပ်နေကြပါတယ်။ လမ်းကိုအသုံး ပြုနေရတဲ့ ရပ်ကွက်နေပြည်သူတွေ၊ ဝက်ခြံနဲ့ လမ်းပေါ်မှာချထားတဲ့ ဝက်စာပုံးတွေက အနံ့ဆိုးတွေ အမြဲရှူနေရလို့ ကျန်းမာရေးပြဿနာများဖြစ်နေကြပါတယ်။ ဝက်မွေးတဲ့ လူတွေကလည်း ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ဝက်ခြံနား ဖြတ်သွားရလို့ အနံ့မခံနိုင် အပြုအမူဖြစ်ရင် ရန်ပြုချင်နေပါတယ်။ ဝက်စာပုံးက ပါလာတဲ့ ပလတ်စတစ်အမှိုက်တွေကိုလည်း ရေနုတ်မြောာင်းထဲ အလွယ် စွန့်ပစ်နေပါတယ်။ လမ်းအသုံးပြုနေတဲ့ လူတွေ အနံ့ဆိုးများ ရှူနေရတဲ့ ဝဋ်ဆင်းရဲက လွတ်ကင်းနိုင်ဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေသိရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့ ပေးပို့လိုက်ရပါတယ်။ ရပ်ကွင်းတွင်းနေသူတဦး   ကနောင်မြို့ အိုးဘိုအုပ်စုကျေးရွာက လောင်းကစားဒိုင်များ အရေးယူပေးပါ   ဧရာဝတီတိုင်းဒေသကြီး ကနောင်မြို့ အိုးဘိုအုပ်စုကျေးရွာ အတွင်းမှာ ၂ လုံး ၃လုံး လောင်းကစားဒိုင်များစွာကို လက်သင့်ခံ ရောင်းဝယ်ဖောက်ကားနေပါတယ်။ ကြက်ဝိုင်းလေးကောင် ဂျင်ဝိုင်းတွေကိုလည်း လက်ခံပြီးပြုလုပ်နေပါတယ်။ အရက်ပုန်းချက်လုပ် ရောင်းချနေသူတွေကတော့ ဒုနဲ့ဒေးရယ်ပါ။ ထွေအုပ်ကဖမ်းခိုင်းတော့လည်း မိရိုးဖလာလုပ်ငန်းမိုလို့ဟုပြောပါတယ်။ သက်ဆိုင်ရာမှ အရေးယူပေးစေလိုသောကြောင့် ဒီဗွီဘီကတဆင့် တင်ပြပေးစေလိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up