Home
မြန်မာသတင်း
ထိန်းသိမ်းခံထားရသည့် ကျောက်တန်းရွာသား ၂၂ ဦး လွတ်မြောက်
DVB
·
May 12, 2019
ရခိုင်​ပြည်​နယ်​ ရ​သေ့​တောင်​မြို့နယ်​၊ ​ကျောက်​တန်း​မှာ တမ်မတော်က အေအေနဲ့ ပက်သက်တယ်ဆိုပြီး သံသယနဲ့ ထိန်းသိမ်းစစ်ဆေးနေတဲ့ ရွာသားတွေထဲကနေ ၂၂ ဦးကို မနေ့က ထပ်မံလွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ "ဒီ​နေ့ ည​နေပိုင်​ ၂၂ ဦး လွှတ်လိုက်​ပါတယ်​။ ​မေလ ၁၀ ရက်​​နေ့ မနက်​ပိုင်းက လက်​မှတ်​သွားထိုးတဲ့အချိန်​မှာ ၂ ဦးကို ပြန်​​ဖမ်းထားလိုက်​ပါတယ်​။ သူတို့ ၂ ဦး​တော့ ပြန်​မပါလာ​သေးပါဘူး။ လွှတ်​​ပေးထားသူ​တွေအားလုံး ​နေ့တိုင်း တပ်​က စစ်​​ဆေး​နေတဲ့ စာသင်​​ကျောင်းကို သွားပြီး ​ကျေးရွာမှာရှိ​နေ​ကြောင်း လက်​မှတ်​ထိုးရပါတယ်​" လို့​ပြောပါတယ်​။ ကျောက်တန်းရွာမှာ ထိန်းသိမ်းစစ်ဆေးနေတဲ့ ၄၀ ကျော်ထဲကနေ ၂၂ ဦးကို ပြန်လွှတ်ပေးလိုက်တာပါ။ ကျောက်တန်းရွာမှာ အေအေတပ်ဖွဲ့နဲ့ ပက်သက်တယ်ဆိုပြီး သံသယနဲ့ ရွာသား ၂၇၅ ဦးကို တပ်မတော်က ဧပြီ ၃၀ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။  မေ ၂ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးနေတုန်း တပ်မတော်သားတွေဆီက သေနတ်လုလို့ဆိုပြီး ပစ်ခတ်တာကြောင့် ရွာသား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီနောက် မေ ၃ ရက်နေ့မှာ ရွာသား ၁၂၆ ဦး၊ မေ ၆ ရက်နေ့မှာ ၄၈ ဦး၊ မေလ ၈ ရက်နေ့မှာ ၃၅ ဦး အသီးသီး လွတ်မြောက်လာခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တန်းကျေးရွာမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၆ ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေကို ဥပဒေနဲ့အညီ စစ်ဆေးနေပြီး ဥပဒေနဲ့ ညီညွတ်ခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောဆိုထားပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024