A d v e r t i s e m e n t With Us

ရာသီအကုန်တွင် ကွင်းလယ်သမား ဟာရဲရာ မန်ယူမှ ထွက်မည်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်သမား ဟာရဲရာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိပါတယ်။ အသက် ၂၉ နှစ်အရွယ် စပိန် ကွင်းလယ်သမားရဲU စာချုပ်သက်တမ်းဟာ ဒီနှစ်ရာသီအဆုံးမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဟာရဲရာကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ သဘောတူညီချက်ရထားဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်က ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားပေမယ့် သဘောတူညီချက်တော့ တစုံတရာ မရသေးပါဘူး။ ဟာရဲရာဟာ ၂၀၁၄ မှာ ဘီဘာအိုအသင်းကနေ မန်ယူကို ရောက်ရှိလာတာပါ။ သူဟာ မန်ယူအတွက် ပွဲပေါင်း ၁၈၉ ပွဲမှာ ဂိုး ၂၀ သွင်းပေးထားပါတယ်။ အသင်းနဲ့အတူ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရရှိထားပါတယ်။ ဓာတ်ပုံ - Nick Potts/PA

A d v e r t i s e m e n t With Us

More News
Up