Home
မြန်မာသတင်း
ကလေးမြို့တွင် သောက်ရေသန့် ရရှိရေး ဆွေးနွေး
DVB
·
May 12, 2019
ကလေးမြို့ ရပ်ကွက်အချို့နဲ့ ကျေးရွာတချို့မှာ သောက်သုံးရေ အခက်အခဲ ဖြစ်နေတာကို အမြန်ဆုံးပြန်လည်ဖြေရှင်းနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတရပ်ကို မေ ၁၁ ရက်နေ့က ကလေးမြို့ မြို့တော်ခန်းမမှာ ပြလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ စစ်ကိုင်းတိုင်း တိုင်းဒေသကြီး အမှတ် ၈ နယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ကလေးမြို့ အရှေ့ပိုင်းရပ်ကွက်တွေထဲက မြေအောက် အဝီစိရေလျှံတွင်းများ စနစ်တကျ ရေထိန်းရေးနဲ့ မြေအောက်ရေချိုတွေ အလဟဿမဖြစ်စေရေး အပိတ်အဖွင့် တပ်ဆင်သုံးစွဲကြဖို့ လိုအပ်ကြောင်း ဆွေးဆွေးခဲ့ပါတယ်။ ကလေးမြို့ဟာ ဖွံ့ဖြိုးမှု မြန်ဆန်ပြီး လူနေစိပ်လာကြောင့် လယ်ယာမြေတွေကို အိမ်ဝန်းကွက် တိုးချဲ့မှုကြောင့် စိုက်ပျိုးမြေနည်းလာပြီး မြေအောက်ရေ ထိန်းနိုင်မှု လျော့လာတယ်လို့ ကလေးမြို့စည်ပင်သာယာရေး ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောပါတယ်။ ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်း လယ်ဆည်ဝန်ကြီ၊ အမျိုးသား/ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနတွေအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အရပ်ဘက်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။ ကလေးဒေသ မြေအောက်ရေ ပြန်လည်ရရှိရေး၊ လတ်တလော ရေအခက်အခဲ ဖြစ်ရာ နေရာတွေက ခန်းခြောက်နေတဲ့ ချောင်းမြောင်းတွေ ရေပြန်လည်ရရှိရေးအတွက် အများဆုံး အကြံပြုခဲ့ကြပါတယ်။ ဆွေးနွေးပွဲ အကြံပြုချက်တွေကို သက်ဆိုင်ရာက မှတ်တမ်းတင်စုစည်းပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ခရိုင်စီမံဥက္ကဋ္ဌ ဦးခင်မောင်ချိုက အဲ့ဒီဆွေးနွေးပွဲမှာပဲ ပြောကြားခဲ့ပါတယ်။   မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024