ပြိုင်ဘက်အသင်းကို ၈ ဂိုးသွင်းယူပြီး ဟော်ကီစွမ်းရည် ပြသခဲ့သည့် ရုရှားသမ္မတ (ရုပ်သံ)
မေလ ၁၀ ရက်နေ့က ရုရှားနိုင်ငံ အရှေ့ပိုင်း ဆိုချီမြို့မှာ ပြုလုပ်တဲ့ Night Hockey League ပြိုင်ပွဲမှာ သမ္မတ ဗာလာဒီမာ ပူတင်က ပြိုင်ဘက်အသင်းကို ၈ ဂိုးသွင်းယူပြီး သူရဲ့ ဟော်ကီစွမ်းရည်ကို ပြသခဲ့ပါတယ်။
အဲဒီပြိုင်ပွဲမှာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှယ်ဂူ၊ ရုရှား ဟော်ကီကစားသမား အကျော်အမော်တွေနဲ့အတူ ပူတင်ဟာ သူ့အသင်းကို ၁၄ ဂိုး - ၇ ဂိုးနဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ပူတင်ဟာ ရှေ့တန်း အလယ်နေရာကနေ ကစားပြီး အသင်းဖော်တွေက သူ့ကို ဂိုးသွင်းခွင့် အခွင့်အရေး အများအပြား ဖန်တီးပေးခဲ့ပါတယ်။
ပြိုင်ပွဲမှာ ပူတင်အနေနဲ့ ပြိုင်ဘက်အသင်း ခံစစ်ကို မရင်ဆိုင်ခဲ့ရပါဘူး။ အသက် ၆၆ နှစ်အရွယ် ပူတင်ဟာ ဒီပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့ပါတယ်။
ဂျူဒို ခါးပတ်နက် ရထားသူ ပူတင်ဟာ ၀န်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်နဲ့အတူ ဆိုချီမြို့မှာ နှင်းလျှောစီးတာနဲ့ ပင်လယ်နက်ထဲ ရေငုပ်တာတွေ လုပ်ပြီး သူရဲ့ အားကစားစွမ်းရည်တွေကို ပြသဖူးပါတယ်။