A d v e r t i s e m e n t With Us

အမေရိကန်တွင် ဂေါက်သီးအရွယ် မိုးသီးများ ကြွေကျ၊ မိုးရေချိန် ၁၀ စင်တီမီတာအထိ ရွာသွန်း

အမေရိကန် ပင်လယ်ကွေ့ကမ်းရိုးတန်း  တက္ကဆက်ပြည်နယ်ကနေ လူဝီစီယားနားအထိ မေ ၁၀ ရက်နေ့က ဂေါက်သီးအရွယ် မိုးသီးကြွေတာပြီး မိုးရေချိန် ၁၀ စင်တီမီတာအထိ ရွာခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီအတွက် အဝေးပြေးလမ်းမတွေ ရေကြီးတာ၊ ဓာတ်အားလိုင်း ပြတ်ကျတာနဲ့ ကျောင်းတွေကို ပိတ်ခဲ့ရပါတယ်။ ရာသီဥတုဆိုးတာကြောင့် စာသင်ကျောင်း ၂၈၀ ကို ပိတ်ပစ်မယ်လို့ တက္ကဆက်ပြည်နယ်ရဲ့ အကြီးဆုံး ပညာရေးအဖွဲ့အစည်းက ပြောပါတယ်။ ရေကြီးတာကြောင့် အပျက်အစီးနဲ့ ဒဏ်ရာရသတင်းကို ရဲတပ်ဖွဲ့က မပြောပေမယ့် မေ ၉ ရက်နေ့ နှောင်းပိုင်းမှာတော့ အမှတ်  ၁၀ ပြည်နယ်ဖြတ် အဝေးပြေးလမ်းမ တစိတ်တဒေသကို ပိတ်ခဲ့ရပြီး မော်တော်ကား အစီး ၄၀ ထက်မနည်း သောင်တင်ခဲ့ပါတယ်။ မုန်တိုင်းဟာ မေ ၁၀ ရက်နေ့အစောပိုင်းက အရှေ့ဘက်ကို ဦးတည်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် တက္ကဆက်ပြည်နယ်ကနေ တင်နက်ဆီပြည်နယ် နော့စ်ဗေးလ်အထိ ရေကြီးမှု သတိပေးချက်တွေ ထုတ်ပြန်ပြီး  သတိထားစောင့်ကြည့်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up