A d v e r t i s e m e n t With Us

ဖျာပုံမြို့နယ်တွင် မီးလောင်၊ ​​လူနေအိမ်​နှင့်စပါးကျီ ၁၄ လုံး ဆုံးရှုံး

ဧရာဝတီတိုင်း​၊ ဖျာပုံမြို့နယ်​၊ ဗျိုင်းကဇီး​ကျေးရွာမှာ ​​​မေ ၁၁ ရက်​​နေ့ မနက်အစောပိုင်းက လူနေအိမ်​  ၈ လုံးနဲ့ စပါးကျီ ၆ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဗျိုင်းကဇီး​ကျေးရွာက ဦးထိန်​ဝင်းရဲ့ စပါးကျီကနေ ​မေ ၁၁ ရက်​​နေ့ မနက်​ ၁ နာရီခွဲလောက်က ​မီးစတင်​​လောင်​ကျွမ်းခဲ့တာလို့ သိရပါတယ်။ မီး​လောင်​တဲ့နေရာကို ဖျာပုံခရိုင် တာဝန်ရှိသူတွေ၊ မီးသတ်​တပ်ဖွဲ့နဲ့ ပြည်သူအင်​အား ၂၀၀ လောက်က မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီးတို့နဲ့ ဝိုင်းဝန်းမီးငြှိမ်းသတ်​ခဲ့တာကြောင့် မနက် ၂ နာရီကျော်မီမှာ မီးငြိမ်းသွားတယ်လို့ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။ မီး​လောင်​မှု​ကြောင့် နေအိမ်​ ၈ လုံး နဲ့ စပါးကျီ ၆ လုံး မီး​လောင်​ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်းဖိုး သိန်း ၁၇၀၀ ဖိုးလောက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ မီး​ဘေးသင့် အိမ်​​ထောင်​စု (၈) စုအတွက် ဗျိုင်းကဇီး​ကျေးရွာ အ.လ.က စာသင်​​ကျောင်းမှာ ​ခေတ္တယာယီကယ်​ဆယ်​​ရေးစခန်း ဖွင့်လှစ်​ထားရှိပြီး ဖျာပုံခရိုင်​​ ဘေးအန္တရာယ်​စီမံခန့်​ခွဲမှုဦးစီးဌာနက ကယ်​ဆယ်​​ရေး ပစ္စည်း ၁၁ မျိုး ​ကူညီ​ထောက်​ပံ့ပေးအပ်​ခဲ့​တယ်လို့ သိပါတယ်။ ကျော်စိုးမိုး

A d v e r t i s e m e n t With Us

More News
Up