နာမည်ကြီး ဘောလုံးအေးဂျင့် ရွိုင်းအိုလာကို ကစားသမားအပြောင်းအရွှေ့ ၃ လပိတ်ပင်

1.7K
နာမည်ကြီး ဘောလုံးအေးဂျင့် ရွိုင်းအိုလာကို ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းကော်မတီကနေ ကမ္ဘာတလွှား ကစားသမားအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့် ၃လပိတ်ပင်ခဲ့တာကြောင့်
သူကိုင်တွယ်နေတဲ့ နာမည်ကြီး ဘောလုံးသမားတချို့ရဲ့ နွေရာသီ အပြောင်းအရွှေ့တွေ ကမောက်ကမ ဖြစ်လာဖွယ်ရှိနေပါတယ်။
သူကိုင်တွယ်နေတဲ့ လက်တလော နာမည်ကြီး အပြောင်းအရွှေ့တွေဖြစ်တဲ့ အေဂျက်စ်ကြယ်ပွင့် ဒီလစ်၊ ပေါလ်ပေါ့ဘာတို့ရဲ့ အပြောင်းအရွှေ့တွေဟာ ပျက်ပြယ်သွားနိုင်တာကြောင့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေက စိတ်ပျက်နေတယ်လို့သိရပါတယ်။
ဘာစီလိုနာအသင်းဟာ အေဂျက်စ်အသင်းက ကြယ်ပွင့် ဖရန်ကီဒီဂျောင်ကို ခေါ်ယူနိုင်ခဲ့ပေမယ့် ဒီလစ်ကို ၄၆ သန်းလောက်နဲ့ ခေါ်ယူနိုင်ဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ပေါင် သန်း ၁၆၀ တန်ကြေးရှိလာနိုင်မယ့် ပေါ့ဘာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အပြောင်းအရွှေ့လည်း ပုံပြင်တပုဒ်လိုပဲ ဖြစ်သွားမယ့် အနေအထားမှာ ရှိနေတာကြောင့် ရွိုင်းအိုလာရဲ့ ပြစ်ဒဏ်ဟာ အသင်းကြီးတွေနဲ့ နာမည်ကြီး ကစားသမားတွေကိုလည်း သက်ရောက်လာဖွယ်ရှိနေပါတယ်။
ရွိုင်းအိုလာကတော့ သူ့ရဲ့ ပြစ်ဒဏ်နဲ့ပတ်သက်လို့ အယူခံဝင်သွားမှာဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်အတွက်လည်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားထားပါတယ်။