A d v e r t i s e m e n t With Us

လကမ္ဘာမှာနေဖို့ အချိန်ကျပြီ – ဒုံးပျံကုမ္ပဏီသူဌေးကြီး

Blue Origin ဒုံးပျံကုမ္ပဏီ တည်ထောင်သူ ကုဋေကြွယ် သူဌေးကြီး ဂျက်ဖ် ဘက်ဇော့စ်ဟာ မေ ၉ ရက်နေ့က  လဆင်းယာဉ်ပုံစံတူကို ဖွင့်လှစ်ပြသခဲ့ပြီး လကမ္ဘာသွားရောက်မယ့် မစ်ရှင်တွေ အကြောင်း ပြောခဲ့ပါတယ်။ ဒါဟာ ၅ နှစ်အတွင်း လကမ္ဘာမှာ အခြေစိုက်စခန်း တည်ဆောက်မယ့် အမေရိကန်အစိုးရ တွန်းအားကို အကောင်ထည်ဖော်ဆောင်မယ့် မဟာဗျူဟာ ဖြစ်ပါတယ်။ မတ်လတုန်းက ဒုတိယသမ္မတ မိုက်ပန့်စ်ဟာ  လကမ္ဘာပတ်လမ်းမှာ အာကာသစင်္ကြံတခု တည်ဆောက်ပြီး ၂၀၂၄ အကုန်မှာ အမေရိကန် အာကာသယာဉ်မှူးတွေကို စေလွှတ်ဖို့ အမျိုးသားလေကြောင်းနဲ့ အာကာသအေဂျင်စီ (နာဆာ) ကို တိုက်တွန်းခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ၃ နှစ်လောက်က စတင်ထားတာကြောင့် မိုက်ပန့် ကာလသတ်မှတ်ချက်အတိုင်း ဖြစ်မြောက်အောင် လုပ်နိုင်မယ်။ လကမ္ဘာကို ပြန်သွားပြီး လကမ္ဘာပေါ်မှာ နေဖို့ အချိန်ကျပြီ” လို့ ဂျက်ဖ် ဘက်ဇော့စ်က ပြောခဲ့ပါတယ်။ ဘက်ဇော့စ်က အာကာသမှာ လူသားတို့ ကိုလိုနီချဲ့ထွင်ဖို့ အရေးပါပုံနဲ့ ကုန်ကျစရိတ်လျှော့ချတာနဲ့ အာကာသတွင်း ရှိပြီးသား ရင်းမြစ်တွေကို အသုံးပြုခြင်း စတဲ့ အရေးကြိး အကြောင်းအရာ နှစ်ခုကို ပြောခဲ့ပါတယ်။ ဘက်ဇော့စ်က ဒီကနေ့ လကမ္ဘာနဲ့ ပတ်သက်ပြီး သိရှိထားတဲ့ အရေးကြီး အချက်တွေထဲက တခုကတော့ လကမ္ဘာပေါ်မှာ အခဲပုံသဏ္ဌာန်နဲ့ ရေရှိနေပြီး အဲဒီရေတွေဟာ ၀န်ရိုးစွန်းနှစ်ခုက ထာဝရ ဖြစ်တည်နေတဲ့ ချိုင့်ကြီးတွေထဲမှာ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up