ရီးရဲလ်အသင်း အနာဂတ်အစီအစဉ်တွင် ဘေးလ် မပါဝင်ဟု သတင်းထွက်ပေါ်

1.1K
တိုက်စစ်မှူး ဂါရက်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လာမယ့်ရာသီ အစီအစဉ်ထဲမှာ မပါဝင်ဘူးလို့ နည်းပြ ဇီဒန်းက ကစားသမားကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တယ်ယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဂါရက်ဘေးလ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကတည်းက အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခြင်းမရှိပေမယ့် သူ့အနေနဲ့ကတော့ အသင်းကနေ ထွက်ခွာလိုခြင်း မရှိဘူးလို့ သိရပါ တယ်။
အသင်းနဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဘေးလ်ဟာ မက်ဒရစ်မြို့ကနေ ဘယ်ကိုမှ ပြောင်းရွှေ့မှာမဟုတ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားထားသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လက်တလော နည်းပြရဲ့ အနာဂတ်အစီအစဉ်တွေအရ ဝေးလ်စ် တိုက်စစ်မှူးကို ပေါင် ၈၆ သန်းလောက်နဲ့ ရောင်းထုတ်လိုနေတယ်လို့ သိရပါတယ်။