Home
မြန်မာသတင်း
ချောက်​တွင်​ heat stroke ​ကြောင့် ၁ ဦး သေဆုံး
DVB
·
May 10, 2019
မြန်​မာနိုင်​ငံ အပူချိန်​အမြင့်ဆုံး မြို့ဖြစ်​​နေတဲ့ ​ချောက်​မြို့မှာ အပူလျှပ်ရောဂါ (heat stroke) ​ကြောင့် ​၁ ​ဦးသေဆုံးပြီး ကုသမှု ခံယူ​နေသူ ၂ ဦး ရှိ​နေတယ်​လို့ ​ချောက်​ကုတင်​ ၅၀ ပြည်​သူ့​ဆေးရုံ ဆရာဝန်​က ​ပြောပါတယ်​။ “​သေဆုံးသွားတဲ့ လူနာဆိုတာက​တော့ ​မေ ၃ ရက်​​နေ့က၊ ​ဆေးကုသမှုကို ခံယူချိန်​မရလိုက်ဘူး၊ လမ်းမှာကတည်းက အသက်​ဆုံးလာတဲ့ပုံ၊ အဖျား​တော့ တိုင်​ရ​သေးတယ်​ ၁၀၈ ရှိတယ်​။ ​နေ့ခင်း ၁ နာရီခွဲ​လောက်​မှာ သတိလစ်​မူးလဲပြီး ဖြစ်​လာတာ အသက်​က ၅၃ နှစ်​၊​ နေတာက အုံမြားကြီး​ကျေးရွာက။ အဲဒီက​နေ မနက်​ ၈ နာ​လောကှ်ာ ​ခေါင်​​လျှော်​​ရေချိုးလာပြီး ​ချောက်​​ဈေးမှာ ​ဈေးဝယ်​ရင်း မနက်​ ၉ နာ​ရီ​လောက်​က မူးလဲခဲ့တယ်​။ ခဏ​လေးနဲ့သတိပြန်​ရပြီး ​တော့ ​ဆေးရုံေ​တွေ ဘာ​တွေ မလာ​တော့ဘဲ သူသွားချင်​တဲ့ သူ့သား​နေတဲ့ ​အေးရွာ ဆက်​သွားပြီး ၁၀ နာ​ရီ​လောက်​မှာ စပြီးကိုယ်​ပူချိန်​တက်​လာတယ်၊​ အ​ကျောကပ်​လာတယ်၊​ အသက်​ရှူသံ​တွေ မမှန်​​တော့ဘူး။ အဲဒီက​နေ ​နေခင်း ၁ နာရီခွဲမှာ သတိလစ်​လို့ သုံးဘီးနဲ့ ​ဆေးရုံပို့တာ ဒီ​ရောက်​​တော့ ၂ နာရီ၊ အသက်​ပါမလာ​တော့ဘူး” လို့ ​ဒေါက်​တာ ဟန်​နီမိုးဆန်းက ​ပြောပါတယ်​။ ​ဆေးရုံမှာ​ ​ဆေးကုသမှု ခံယူနေတဲ့ heat stroke ​ဝေနာရှင်​ အသက်​ ၄၈ နှစ်​အရွယ် အမျိုးသားတဦးနဲ့ အသက်​ ၆၂ နှစ်​ အမျိုးသမီး တ​ဦးကို​တော့ အ​ရေ​ပေါ် အနီးကပ်​ ​စောင့်ရှောက်​ ကုသပေးနေတယ်​လို့ သိရပါတယ်​။ ​ချောက်​မြို့ အပူချိန်​ဟာ မြင့်တက်​​နေပြီး ​မေ ၉ ရက်​​နေ့ တိုင်းတာချက်​အရ ၄၇ ဒသမ ၁ ဒီဂရီစင်​တီဂရိတ်​နဲ့ အမြင့်ဆုံးအပူချိန်​ စံချိန်​သစ်​ တင်​ခဲ့တယ်လို့ ​ချောက်​မြို့ မိုး​လေဝသနဲ့ ဇလ​ဗေဒ တိုင်းထွာ​ရေးစခန်းက သိရပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024