Home
မြန်မာသတင်း
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တတိယအကြိမ် ရုံးထုတ်
DVB
·
May 10, 2019
တပ်မတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို  ဒီနေ့ နေ့လယ်က တတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က တပ်မတော် အကြည်ညိုပျက်စေမှုနဲ့ တိုက်ကြီးမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅(က)/(ခ) နဲ့ တပ်မတော်က တရားစွဲခံထားတာပါ။ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က အဖျောက်မြို့မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ ကိုနေရဲ (ခ) ကိုနန္နအောင်တို့က ပြည်သူတွေကို ဟောပြောခဲ့ပါတယ်။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တပ်မတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဟောပြောခဲ့တာကြောင့် တိုက်ကြီးမြို့ အမှတ် (၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဒုဗိုလ်မှူးကြီးတိုးလွင်က တရားလိုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က)/(ခ) နဲ့ အမှုဖွင့် တရားစွဲခဲ့ပါတယ်။ ဒီနေ့ရုံးထုတ်ကို ရန်ကုန်၊ သန်လျင်မြို့နဲ့ တိုက်ကြီး၊ အဖျောက်မြို့နေ ပြည်သူတွေက ကိုနေမျိုးဇင် လွတ်မြောက်ပါစေ စာတန်းပါ တူညီအင်္ကျီတွေ ဝတ်ဆင်ကာ ဝန်းရံခဲ့ပြီး ရွှေညဝါဆရာတော်လည်း လာရောက်ခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို တရားစွဲဆိုတာဟာ ဥပဒေအရ လျော်ညီမှုမရှိဘူးလို့ တရားရုံးက ပြန်အထွက်မှာ ပြောခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024