A d v e r t i s e m e n t With Us

ဘရာဇီးသမ္မတဟောင်း မစ်ချယ် တမ်မာ ဖက်ဒရယ်ရဲတပ်ဖွဲ့ထံ အဖမ်းခံ

ဓာတ်ပုံ - CGTN
ဘရာဇီးသမ္မတဟောင်း မစ်ချယ် တမ်မာဟာ မေလ ၉ ရက်နေ့က ဖက်ဒရယ်ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်ကြာတဲ့ ခြစားမှု အရှုပ်တော်ပုံမှာ သူပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒုတိယအကြိမ် ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ ရုပ်သံမှာတော့ သမ္မတဟောင်း တမ်မာ နေအိမ်ကထွက်ခွာပြီး ဖက်ဒရယ်ရဲတပ်ဖွဲ့ရုံးရှိရာ သွားရောက်တာကို ပြသခဲ့ပါတယ်။ 'Car Wash' လို့ နာမည်ပေးထားတဲ့ ခြစားမှုတိုက်ဖျက်စုံစမ်းရေး တစိတ်တပိုင်းအနေနဲ့ အစိုးရရှေ့နေတွေက သမ္မတဟောင်း တမ်မာဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံအတွက်  ရည်ရွယ်တဲ့ ရန်ပုံငွေတချို့ကို လာဘ်ငွေရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ နောက်ပြီး တမ်မာဟာ ရာဇဝတ်ဂိုဏ်းကို ဦးစီးဦးဆောင်ခဲ့တယ်လို့လည်း အစိုးရရှေ့နေတွေက စွပ်စွဲပါတယ်။ တမ်မာဟာ ပြီးခဲ့တဲ့မတ်လက ပထမဆုံးအကြိမ် ထောင်ကျခဲ့ပေမယ့် ရက်ပိုင်းအကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။ သမ္မတဟောင်း တမ်မာက သူ့အပေါ် စွဲချက်အားလုံးကို ထပ်တလဲလဲ ငြင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up