Home
မြန်မာသတင်း
အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းကြည်​ မ​ကွေးတိုင်းလူထုနှင့် ​တွေ့ဆုံပွဲ ပြုလုပ်
DVB
·
May 10, 2019
နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ဟာ မ​ကွေးမြို့ မြို့​တော်​ခန်းမမှာ ​မေလ ၉ ရက်​​နေ့ ည​နေပိုင်းက လူထုတွေ့ဆုံပွဲ ပြုလုပ်​ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ မြို့​တော်​ခန်းမအတွင်း လူဦး​ရေ မဆန့်​တဲ့အတွက်​ အပြင်​ဘက်​ကနေ LED နှစ်​လုံးနဲ့ ပြသ​ပေးထားတာပါ။ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ် ဒေါ်​အောင်​ဆန်းစုကြည်​က "မေးခွန်း​မေးချင်​တာဖြစ်​ဖြစ်​ တိုင်​ချင်​တာဖြစ်​ဖြစ်​ တိုင်​စာဌာန အမြဲဖွင့်ထားပြီး တိုင်​စာအားလုံးကို ဖတ်​ပါတယ်​။ သက်​ဆိုင်​တဲ့ ပြည်​​ထောင်​စုဝန်​ကြီးဌာနက တာဝန်​ယူပြီး တင်​တဲ့စာ​တွေ အားလုံးကို ဖတ်​ပြီး အ​ရေးယူကာ စာ​တွေကို လျစ်​လျူမရှုပါဘူး။ တချို့က ကိုယ်​တိုင်​ထ​မေးမှ ​ကျေနပ်​တယ်​ဆို​တော့ ကိုယ်​တိုင်​​မေးချင်​တာ​ကြောင့်လား ရုပ်​မြင်​သံကြားမှာ ပါချင်​လို့လား၊ ရုပ်​မြင်​သံကြားမှာ ပါချင်​တဲ့ ​ရောဂါကို​တော့ ကုကြပါ။ မေးခွန်း​မေးရာမှာလည်း မိမိအကျိုးထက် အများအကျိုး​ မေးမြန်းဖို့ လိုအပ်​တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မ​ကွေးမြို့ နယ်​ကြာကန်​​ကျေးရွာက လူထု​တွေ့ဆုံပွဲ တက်​​ရောက်​လာသူ ကို​ဇော်​မင်းထိုက်​က "မ​ကွေးတိုင်း​ဒေသကြီးဟာ အခြားတိုင်းတွေနဲ့စာရင် တင်​ပြချင်​တာ​တွေ များတဲ့အတွက်​ ပြည်​သူလူထု တင်​ပြစာ​တွေလည်း အရမ်းကို များပြား​နေပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီးအတွင်း တချို့​နေရာ​တွေမှာ သိန်း​ထောင်​ချီပြီး လမ်းတံတား​တွေ ​ဆောက်​လုပ်​​နေ​ပေမယ့် တကယ်​​ရေငတ်​​နေတဲ့လူ​တွေဆီကို ​သောက်​သုံး​ရေရရှိ​ရေး ​ငွေသိန်း ၁၀၀၊ ၂၀၀ မ​ရောက်​တာ​တွေရှိ​နေလို့ တင်​ပြဖို့အတွက်​ ​ရောက်​ရှိလာတာပါ” လို့  ပြောပါတယ်။ အပြန်​အလှန် မေးခွန်း​မေးမြန်းမှု​တွေကို နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​၊ သက်​ဆိုင်​ရာ အစိုးရအဖွဲ့ ပြည်​​ထောင်​စုဝန်​ကြီး၊ တိုင်​​ဒေသကြီး ဝန်​ကြီးချုပ်​နဲ့ ဝန်​ကြီး​တွေက ပြန်​လည်​​ဖြေကြားခဲ့တာပါ။ မေလ ၁၀ ရက်​​နေ့ မနက်​ပိုင်းမှာ ဖခင် ဗိုလ်​​ချုပ်​​အောင်​ဆန်းရဲ့ ဇာတိ​မြေ နတ်​​မောက်​မြို့မှာ ​ဆေးရုံသစ်​ဖွင့်ပွဲ ပြုလုပ်​သွားမယ်​လို့ သိရပါတယ်​။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024