ပုသိမ်အကျဉ်းထောင်ဆူပူမှု ထိန်းသိမ်းနိုင်
DVB
·
May 9, 2019
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းသားတချို့က လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အတွက် မေလ ၉ ရက်မနက် ၁၁ နာရီလောက် ဆူပူတောင်းဆိုခဲ့ကြ ပါတယ်။
ထောင်တွင်း ဆူပူမှုဖြစ်ပြီး ၁ နာရီနီးပါးအကြာမှာ အကျဉ်းထောင်အာဏာပိုင်တွေနဲ့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေက အကျဉ်းထောက်ကိုလာရောက်တွေ့ဆုံ ညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။
"အကျဉ်သားတချို့ အကျဉ်းသားအခွင့်အရေးရရှိဖို့ တောင်းဆိုတာပါ ၁၁ နာရီလောက်ကနေ ၁၂ လောက်အထိပါပဲ"လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးထွန်းရွှေ ကပြောပါတယ်။
ပုသိမ်အကျဉ်းထောင်မှာ မေလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၂ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မြမင်းဦး(ပုသိမ်)