နယူးယောက် အထပ်မြင့် တိုက်ခန်းတခုတွင် မီးလောင်၊ ကလေး ၄ ဦး အပါအဝင် ၆ ဦးသေ

1.2K
အမေရိကန်နိုင်ငံ နယူးယောက်မြို့က အထပ်မြင့် တိုက်ခန်းတခုမှာ မေလ ၈ ရက် မနက်အစောပိုင်းက မီးလောင်မှုကြောင့် ကလေးငယ်လေးယောက် အပါအဝင် စုစုပေါင်း လူခြောက်ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ခန်းရဲ့ ငါးလွှာမှာ ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်က မီးလောင်ခဲ့တာပါ။
မီးသတ်သမားတွေ အဆောက်အအုံထဲကို ဝင်ကယ်တဲ့အချိန်မှာ သူတို့ဟာ သေဆုံးနေပြီလို့ နယူးယောက်မြို့ မီးသတ်ဌာန ကော်မရှင်နာ ဒန်နီရယ် နီဂရိုက ပြောပါတယ်။
သေဆုံးသူတွေဟာ လူကြီးနှစ်ယောက်နဲ့ အသက် ၃ နှစ်ကနေ ၁၁ နှစ်ကြား အရွယ်ရှိတဲ့ ကလေး လေးယောက် ဖြစ်တယ်လို့ ဒန်နီရယ် နီဂရိုက ဆက်ပြောပါတယ်။
မီးသတ်သမားတွေဟာ နှစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ကြရပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေမယ့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံမီးရှို့တဲ့ လက္ခဏာ မရှိဘူးလို့ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး NBC သတင်းဌာနက ဖော်ပြပါတယ်။