A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆု ဆန်ကာတင်စာရင်း ထွက်​​ပေါ်

ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်း ထွက်​​ပေါ်လာပါတယ်။ အကောင်းဆုံးနည်းပြ ဆန်ကာတင်စာရင်းမှာ နည်းပြ ၄ ဦးပါဝင်ပြီး ဝုဗ်ဗာဟမ်တန်အသင်း နည်းပြ နူနိုအက်စ်ပါရီတို ဆန်းတို့စ်လည်း ပါဝင်ပါတယ်။ ဆန်ကာတင်စာရင်းမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်နဲ့ စပါးနည်းပြ ပိုချက်တီနိုတို့လည်း ပါဝင်ခဲ့တာပါ။ အဲဒီနည်းပြတွေထဲမှာ ချန်ပီယံဆုဖလား ရယူနိုင်ဖို့ အခြေအနေကောင်းနေတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက နံပါတစ်နေရာကနေ ရေပန်းစားနေပါတယ်။ စပိန်နည်းပြ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့နှစ်ကလည်း တနှစ်တာ အကောင်းဆုံးနည်းပြဆု ရရှိခဲ့သူဖြစ်ပြီး ဒီနှစ်မှာ ဆက်ပြီး ရယူနိုင်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်သမိုင်းမှာ တတိယမြောက် နှစ်ကြိမ်ဆက်တိုက် ရယူနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်သွားမှာပါ။ ဆန်ကာတင်စာရင်းမှာ မထင်မရှားနည်းပြ အနေနဲ့ ပါဝင်လာတဲ့ ဆန်းတို့စ်ဟာ တန်းတက် ဝုဗ်​ဗာဟမ်​တန်​အသင်းကို ရမှတ် ၅၇ မှတ်အထိ ရအောင် စွမ်း​ဆာင်နိုင်ခဲ့ပြီး ​​နှစ်ပေါင်း ၁၈ နှစ် အတွင်းမှာ အများဆုံးရယူနိုင်ခဲ့တဲ့ တန်းတက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ တနှစ်တာ အကောင်းဆုံးနည်းပြဆု ရွေးချယ်ရာမှာ ပရိသတ်တွေရဲ့မဲတွေ ပါဝင်မှာဖြစ်သလို တခြား ဘောလုံးကျွမ်းကျင်သူတွေရဲ့ မဲပေးရွေးချယ်မှုတွေနဲ့ ပေါင်းစပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ လာမယ့် ကြာသပတေးနေ့ ညနေပိုင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up