A d v e r t i s e m e n t With Us

ဝါး​တောင်​စစ်​​ဘေး​ရှောင်​စခန်းမှ ဒုက္ခသည်​တဦး မိုင်းထိမှန်

ကျောက်​​တော်​မြို့ ဝါး​တောင်​စစ်​​ဘေး​ရှောင်​စခန်းမှ ဒုက္ခသည်​တဦး မနေ့က မိုင်းထိမှန်​ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လို့ ကျောက်တော်ဆေးရုံကနေ ​စစ်တွေဆေးရုံ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ရခိုင်​ပြည်​နယ်၊​ ​ကျောက်​​တော်​မြို့၊ ဝါး​တောင်​စစ်​​ဘေး​ရှောင်​ဒုက္ခသည်​စခန်းမှ မြိုတိုင်းရင်းသားတဦးဖြစ်​တဲ့ ဦးပန်း​အောင်​​ချေဟာ​ ​မေလ ၈ ရက်​​နေ့ မနက်​ပိုင်းက မိုးရာသီအတွက်​ တဲ​ဆောင်​ဖို့​ မြို့​ချောင်းအနီး ​တောထဲ ဝါး​သွားခုတ်စဉ်​ မိုင်းထိမှန်​ကာ ညာဘက်ခြေဖဝါး ဒဏ်​ရာပြင်းထန်စွာရရှိခဲ့တာပါ။ ကျောက်​​တော်​​ဆေးရုံ ပို့​ဆောင်​ရာ ​ခြေ​ထောက်​ဖြတ်​ရမှာ ​ဖြစ်​တာကြောင့် စစ်​​ဆေးရုံ ယူ​ဆောင်​ဖို့ ဆရာဝန်​က​ညွှန်​ကြားတဲ့အတွက်​ စစ်​​တွေ ပို့​ဆောင်​ခဲ့ရတယ်လို့ ဝါး​တောင်​ စစ်​​ဘေး​ရှောင်​စခန်းတာဝန်​ခံ ဦး​မောင်​လှက ​ပြောပါတယ်​။ "သူတို့က မူလ ခမောင်းကျေးရွာက ဖြစ်ပါတယ်​။ စစ်​​ဘေး​ရှောင်​ဒုက္ခသည်​​တွေပါ။ မိုးရာသီအတွက်​ တဲဆောက်​ဖို့ ကြိုတင်​ပြီး ၀ါး​တွေခုတ်​နေကြတာပါ။ သူတို့သွားတာက လူအများကြီးပါ။ တယောက်​တ​နေရာဝါးခုတ်​ကြတယ်​၊ ဝါးခုတ်ပြီး သစ်​သီး​တွေရှာကြတယ်​။ ပိန္နဲသီးတို့၊ သရက်​သီးတို့​ပေါ့။ အသီး​တွေကို ဝါး​တောင်​​ကျေးရွာမှာ ​ရောင်းချတယ်​၊ ဒီလိုအသက်​​မွေး​နေကြတာပါ။ အပြန်မှာ ​ထောင်​မိုင်း နှင်းမိတာပါ။ ဒဏ်​ရာပြင်းထန်​​တဲ့အတွက်​ ​ကျောက်​​တော်​ဆေးရုံက ​ခြေ​ထောက်​ဖြတ်​ရမယ်​​ ပြောလို့ စစ်​​တွေကို ပို့​ဆောင်ထားပါတယ်။" ဝါး​တောင်​ စစ်​​ဘေးဒုက္ခသည်​စခန်းမှာ တပ်​မ​တော်နဲ့ ​အေ​အေ တိုက်​ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ အိမ်​​ထောင်​စု ၂၃၄ စု၊ လူဦး​ရေ ၁၂၂၁ ဦး ခိုလှုံနေကြတယ်လို့ သိရပါတယ်။ ဗညား

A d v e r t i s e m e n t With Us

More News
Up