မော်​ရိုကိုရှိ CR7 ဟိုတယ်သစ်ကို စီရော်နယ်ဒို သွားရောက်စစ်ဆေး

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ မော်​ရိုကိုမှာရှိတဲ့ CR7 ဟိုတယ်သစ်  တည်ဆောက်နေတာကို သွားရောက်စစ်ဆေးခဲ့ပါတယ်​။ ကွင်းထဲမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်ခဲ့သလို ကွင်းပြင်ပမှာလည်း စီးပွားရေးလုပ်ငန်း များစွာကို တည်ထောင်ထားတဲ့ စီ​​ရော်​နယ်​ဒိုဟာ သူ့ရဲ့နာမည် အတိုကောက်နဲ့ ကျောနံပါတ် ၇ ကို  ပေါင်းစပ်ပြီး CR7 ဆိုတဲ့အမည်နဲ့ လုပ်ငန်းတော်တော်များများ လုပ်ကိုင်နေတာပါ။ အခုတပတ်ထဲမှာတော့ စီရော်နယ်ဒိုနဲ့ သူ့ရဲ့ အတူနေချစ်သူ ရိုဒရီဂွက်ဇ်နဲ့ သားကြီးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာတို့ဟာ မော်ရိုကိုနိုင်ငံမှာ တည်ဆောက်နေတဲ့ CR7 ဟိုတယ် တည်ဆောက်ရေး လုပ်ငန်းခွင်ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီဟိုတယ်ကို ပေါ်တူဂီ နာမည်ကြီး ဟိုတယ်လုပ်ငန်းစုဖြစ်တဲ့ Pestana နဲ့ ပူးပေါင်း ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး Pestana CR7 ဟိုတယ်လို့ အမည်သတ်မှတ်ထားပါတယ်။ အဲဒီဟိုတယ်မှာ အခန်းပေါင်း ၁၆၀ ပါဝင်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ မော်ရိုကိုနိုင်ငံ မာရာကက်ခ်ျမြို့မှာ တည်ရှိပြီး လာမယ့်နှစ်အနည်းငယ် အတွင်းမှာ ပိုမိုတိုးတက်လာဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုနဲ့ Pestana တို့ဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့နဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွေမှာလည်း ဟိုတယ်နှစ်လုံး ဖွင့်လှစ်ထားပြီး ပေါ်တူဂီမှာလည်း ၂ လုံး ဖွင့်လှစ်ထားတာပါ။ လာမယ့်နှစ်တွေ အတွင်းမှာတော့ ကမ္ဘာအနှံ့မှာ ဟိုတယ်သစ်တွေ ဖွင့်လှစ်သွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up