ဒေါ်အောင်ဆန်းစုကြည် မန်းစက်ရွှေစက်တော် ခြေတော်ရာ ၂ ဆူကို ဖူးမြော်
DVB
·
May 9, 2019
နိုင်ငံတော်ရဲ့ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မေ ၉ ရက်နေ့ မနက်ပိုင်းက မကွေးမြိုမှတဆင့် ရဟတ်ယာဉ်နဲ့ မန်းရွှေစက်တော် ခြေတော်ရာ ၂ ဆူကို သွားရောက် ဖူးမြော်ခဲ့တယ်လို့ သိရပါတယ်။
မန်ရွှေစက်တော်ဘုရား ဈေးသည်တဦးဖြစ်တဲ့ ဦးခင်လတ်က "ပထမ အောက်စက်တော်ရာ ဘုရားဖူးပြီး အထက်စက်တော်ရာ၊ ဆင်စခန်းနဲ့ သမင်ခြံကို သွားခဲ့တယ်။ သမင်ခြံမှာရှိတဲ့ ကြယ်လိပ်တွေကို ကြည့်ရှုတယ်။ မန်စက်တော်ရာဘုရားမှာ အလှူငွေ ၅ သိန်းကျပ် ထည့်ဝင်လှူဒါန်းခဲ့တယ်။ မန်ရွှေစက်တော်ဘုရား အနီးနား ကျေးရွာတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါဘုရားဖူး ခရီးစဉ်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ လိုက်ပါပို့ဆောင်ခဲ့ကြတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၉ ရက်နေ့ ညနေ ၄ နာရီမှာလည်း မကွေးမြို့ ဒေသခံတွေနဲ့ လူထုတွေ့ဆုံပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။
သတင်း-မင်းထီး