Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
May 9, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ပေါ့ ပေါ့ပါးပါး Hollywood Dance Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Poms ! ဒီကားကိုတော့ ဗြိတိန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Zara Hayes က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး STX Entertainment က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ အသက်အရွယ်ကြီးသွားပေမယ့် စိတ်ဆန္ဒပြင်းပြတယ် ဆိုရင် ကိုယ်လုပ်ချင်တဲ့ အရာတွေ၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ နောက်မကျသေးဘူးဆိုတာကို ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ မီးမောင်းထိုးပြထား ခဲ့တာ ဖြစ်ပါတယ်။ အငြိမ်းစား အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေရဲ့ အဖွဲ့ထဲကို Martha ဆိုတဲ့ အမျိုးသမီးတယောက် ရောက်လာခဲ့ချိန်ကစပြီး ပြောင်းလဲမှုစတင်ခဲ့တာ ပါ။ အဲဒီနောက်တော့ သူတို့ဟာ Cheerleader အဖွဲ့ဖွဲ့မယ်ဆိုပြီး အသက်ကြီးကြီး အမျိုး သမီးကြီးတွေချည်း စုစည်းမိချိန်မှာတော့ ဒါဟာ တကယ်ဖြစ်လာမလား။ ဖြစ်မလာနိုင်ဘူး လို့ ထင်ထားကြသူတွေကြား ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ကြရမလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါး ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ရွှေကမ္ဘာလုံးဆုအပါအ၀င် တခြားအကယ်ဒမီဆုတွေ အများ ကြီးရရှိခဲ့တဲ့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသမီးကြီး Diane Keaton နဲ့အတူ တခြားသရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ Jacki Weaver ၊ Pam Grier ၊ Celia Weston စတဲ့ သရုပ်ဆောင်တွေက အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ချီးကျူးမှုတွေလည်း ရရှိထားပြီး ဝေဖန်ရေးဆရာတွေက တော့ ဒါဟာ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ သက်ကြီးပိုင်းအမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတွေလည်း ထွက်လာစေဖို့ တွန်းအားပေးနေတာလို့ ပြောဆိုကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှု သင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၁၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ အားလုံးရင်းနှီးကြပြီးဖြစ်မယ့် ကာတွန်းဇာတ်ကောင် Pokemon ကို ရုပ်ရှင်အနေနဲ့ ပုံဖော် ဖန်တီးလိုက်တဲ့ Pokémon: Detective Pikachu ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်ကြတဲ့ Warner Bros. ၊ Legendary Pictures နဲ့  The Pokémon Company တို့က ပူးပေါင်းတင် ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Rob Letterman က ရိုက်ကူးပုံဖော် ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ကာတွန်းကားတွေ၊ ဂိမ်းတွေထဲကလို မဟုတ်ပဲ တမူထူး ခြားတဲ့ လူတွေလို စကားပြောတတ်တဲ့ ဇာတ်ကောင် Pikachu ကို ပရိသတ်တွေက တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။  တခြားသူတွေက သူစကားပြောတာကို မကြားရပေမယ့် Tim Goodman ဆိုတဲ့ ကောင်လေးကတော့ ထူးဆန်းတဲ့ ဆက်နွယ်မှုတခုကြောင့် ကြား ရပါတယ်။ အဲဒီလိုနဲ့ Pokémon Trainer ဖြစ်ချင်သူ Tim နဲ့ Pikachu တို့ပူးပေါင်းမိသွား ကြပြီး  ပျောက်ဆုံးနေတဲ့ Pokémon လေးတွေကို ရှာရင်း၊ တဖက်မှာလည်း မတော်တ ဆမှုတခုကြောင့် ပျောက်ဆုံးနေခဲ့တဲ့ Tim ရဲ့ ဖခင်ကို လိုက်ရှာဖို့ ကြိုးစားခဲ့ကြချိန်မှာ ဘာတွေဖြစ်လာမလဲ။ ဘယ်သူတွေနဲ့ ပူးပေါင်းမိပြီး ဘယ်လိုအခက်အခဲတွေ၊ အန္တရာယ် တွေကို ရင်ဆိုင်ဖြတ်ကျော်ရမလဲဆိုတာတွေကို စွန့်စားမှုအသားပေး ဇာတ်လမ်းဇာတ် ကွက်တွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Deadpool မင်းသား Ryan Reynolds က Detective Pikachu အဖြစ် အသံနဲ့ သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ Tim Goodman အဖြစ် Jurassic World: Fallen Kingdom ရုပ်ရှင်နဲ့ နာမည်ကြီးလာတဲ့ အမေရိကန်သရုပ် ဆောင်မင်းသား Justice Smith က ခေါင်းဆောင်ပါဝင်ထားပြီး အမေရိကန် သရုပ် ဆောင်မင်းသမီး Kathryn Newton ကတော့ ဂျာနယ်လစ်မလေး Lucy အနေနဲ့ ပါဝင် ထားတာ ဖြစ်ပါတယ်။ ကာတွန်းရုပ်ရှင်တွေ၊ ဂိမ်းတွေကတည်းက ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဒီရုပ်ရှင် ကားဟာ ထွက်မလာခင်ကတည်းက နာမည်ကြီးနေခဲ့တာဖြစ်ပြီး Youtube ပေါ်မှာ ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၆၀ ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက် တွေ၊ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကား ကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ဂျပန်နိုင်ငံမှာတော့ အချိန် ၁ ပတ်စော ပြီး ပြသခဲ့တာဖြစ်ကာ လာမယ့် မေလ ၁၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တာကတော့ ရုပ်ရှင်တွေ မှာ မတွေ့ရတာကြာပြီဖြစ်တဲ့ ၀ါရင့်ဟာသ သရုပ်ဆောင်မင်းသား ဇာဂနာနဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသား နေတိုးတို့ အပြိုင်ကြဲသရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင် ပြဿနာ ! သက်ဦးမောင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ မီးပွားပုံဖော်ရိုက်ကူးတဲ့ ဒီ ရုပ်ရှင်ကားကို Golden Hope ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ အမြဲလိုလို ပြဿနာရှာနေတတ်တဲ့ ဆံသဆရာလေး နီ တွတ်၊သားမက်ကို အရမ်းချစ်တဲ့ ယောက္ခမနဲ့ ယောက်ျားကို အရမ်းချစ်တဲ့ မိန်းမကြား  က မောက်ကမ၊ ဗရမ်းဗတာ ဟာသဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော် ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နေတိုး၊ ဇာဂနာတို့နဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသ မီးတွေ ဖြစ်ကြတဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ ယဉ်လက်စတဲ့ သရုပ် ဆောင်တွေ အများကြီး အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဇာဂနာဟာ ရုပ်ရှင်လောကမှာ ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်အနေနဲ့ပါ သဘာဝကျကျ ဟာသမြောက်အောင် သရုပ်ဆောင်နိုင်သူတဦးဖြစ်ပြီး သူပါဝင်ခဲ့တဲ့ ပု ဏ္ဏားဘကွန်း၊ ပေါ့ပေါ့ပါးပါးပြုံးစတဲ့ ရုပ်ရှင်တွေဟာ ထင်ရှားပါတယ်။ မိုးညအိပ်မက်မြူ၊ နက္ခတ်မှားတဲ့ တိုက်ပွဲ၊ တာတေကြီးစတဲ့ ရုပ်ရှင်ကားတွေနဲ့ မြန် မာ့ရုပ်ရှင်ထူးချွန်ဆု ၃ ဆုရရှိထားခဲ့တဲ့ နေတိုးကတော့ ဒရာမာရော ဟာသပါ ပိုင်နိုင်တဲ့ သရုပ်ဆောင်မင်းသားတဦးဖြစ်တာမို့ သူတို့ ၂ ဦးအပြိုင်ကြဲ သရုပ်ဆောင်ထားတဲ့ ဒီကား ထဲမှာ ဘယ်လိုသရုပ်ဆောင်မှုတွေ တွေ့ရမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာ ခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Hollywood Comedy အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Hustle ! ဒီကားကိုတော့ Welsh ရုပ်ရှင်ဒါရိုက်တာ Chris Addison က ရိုက်ကူးပုံဖော်ပေး ထားတာဖြစ်ပြီး နာမည်ကြီး အမေရိကန်ရုပ်ရှင် ကုမ္ပဏီ  Metro-Goldwyn-Mayer က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဘ၀မှာ ပတ်သက်ခဲ့တဲ့ ဆိုးဝါးတဲ့ အမျိုးသားတွေရဲ့ အ လှည့်စားခံရမှုကြောင့် ဒါကို ကလဲ့စားပြန်ချေဖို့ ပူးပေါင်းမိသွားတဲ့ အလွှာခြားတဲ့ အမျိုးသ မီး ၂ ယောက် အကြောင်းကို ရှုစားကြရမှာ ဖြစ်ပြီး တရားမျှတမှုမရှိတဲ့ ၀န်းကျင်မှာ ဒီအ တွက် ဘယ်သူတွေက တာဝန်ယူမလဲ။ ဘယ်သူတွေမှာရော တာဝန်ရှိသလဲဆိုတာတွေ ကို ဟာသပုံစံနှော ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်မင်းသမီး ၂ လက်ဖြစ်တဲ့ Anne Hathaway ၊ Rebel Wilson တို့နဲ့အတူ သရုပ်ဆောင်မင်းသား Alex Sharp နဲ့ Dean Norris တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှု သင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ရွှေကမ္ဘာလုံးဆုအပါအ၀င် အကယ်ဒမီထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး Anne Hathaway နဲ့ Pitch Perfect ရုပ်ရှင် Series တွေနဲ့ ပရိ သတ်တွေ သတိပြုမိကြတဲ့ သြစတေးလျ ဟာသရုပ်ဆောင်မင်းသမီး Rebel Wilson တို့ ရဲ့ တွဲဖက်မှုက တမူထူးခြားနေခဲ့ပြီး ထွက်မလာခင်ကတည်းက ဒီကားက ပရိသတ်တွေ ကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မေလ ၁၀ ရက်နေ့မှာ ရုံ တင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ လူငယ်အချစ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ လေဆန်ကကြိုး ! ဒီရုပ်ရှင်ကားကတော့ Smart Soe ရဲ့ ဇာတ်လမ်းကို နက္ခတ်နီက ဇာတ်ညွှန်းခွဲ ထားပေးပြီး ဒါရိုက်တာ မျိုးမြင့်ဆွေက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုယ်ယုံကြည်တဲ့ အကပညာတွေ ကြားမှာ မိဘမေတ္တာကို ကျောခိုင်းပြီး ကိုယ့်အိပ်မက်တွေကို ဖန်တီးပုံဖော်နေတဲ့ လူငယ် တဦးအကြောင်းကို ရှုစားကြရမှာပါ။ ရှေးရိုးစွဲလူကြီးတွေနဲ့ လူငယ်တွေကြားမှာ ရှိတတ် တဲ့ မတူညီတဲ့ အယူအဆတွေ၊ လွတ်လပ်မှုနဲ့ အတိုက်အခိုက်တွေကြားမှာ ဘာတွေ ဆက်ဖြစ်လာမလဲ၊ နောက်ပြီး လမ်းမပေါ်က Street Dancer တွေရဲ့ ဖြတ်သန်းမှုတွေနဲ့ လူငယ်တွေရဲ့ အချစ်နဲ့ ဘ၀ဖြတ်သန်းမှုအကြောင်းကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ် ပါတယ်။     ဒီကားထဲမှာတော့ လူငယ်ပရိသတ်ကြိုက် သရုပ်ဆောင်မင်းသား ဒေါင်းနဲ့အတူ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရန်အောင်၊ ဇင်ဝိုင်း၊ အောင်လေး၊ Leo၊ အိန်ဂျယ်လမုန်၊ Alice Ong တို့က ပါဝင်သရုပ် ဆောင်ထားကြတာပါ။     ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၁၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့ည ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024