A d v e r t i s e m e n t With Us

ကစားသမားဟောင်း အီဒူးကို အာဆင်နယ် နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်မည်

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမားဟောင်း အီဒူးကို နည်းစနစ်ဒါရိုက်တာ အဖြစ် ခန့်အပ်တော့မယ်လို့ သိရပါတယ်။ အသက် ၄၀ နှစ်ရှိ ဘရာဇီးကစားသမား အီဒူးဟာ အာဆင်နယ်အသင်းမှာ ၂၀၀၁ ကနေ ၂၀၀၅ ခုနှစ်အထိ ကစားခဲ့ပြီး ဆုဖလား ၅ လုံး ရယူနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်းတဦး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ  ဘရာဇီး လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေပြီး မွေးရပ်မြေကလပ် ကိုရင်သီယန်အသင်းမှာ ဘောလုံးဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သလို အီရန်အသင်းကိုလည်း ကားလို့စ်ကွီးရော့ဇ်ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ အီဒူးဟာ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေမှာ အဓိကလုပ်ဆောင်နေတဲ့ ဒါရိုက်တာတဦးဖြစ်သူ ဆန်လီဟီနဲ့ လက်တွဲလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လာမယ့်ရာသီအတွက် အပြောင်းအရွှေ့ ပစ်မှတ်တွေအဖြစ် ဘုန်းမောက် တောင်ပံကစားသမား ဖရေဇာ၊ ပဲလေ့စ်က ဇာဟာနဲ့ ဘာစီလိုနာနောက်ခံလူ အမ်တီတီတို့ကို ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up