Home
မြန်မာသတင်း
ဖမ်းဆီးရမိသည့် အိုက်စ် မူးယစ်ဆေးဝါးများ RCSS/SSA က နိုင်ငံတော်အစိုးရထံ အပ်​နှံ
DVB
·
May 8, 2019
ရှမ်းပြည်​ ပြန်​လည်​ထူ​ထောင်​​ရေး​ကောင်​စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)က မိုင်းဆတ်​ခရိုင်​အတွင်းမှာ  ဧပြီ ၂၆ ရက်​​က မူးယစ်​​ဆေးသယ်​​ဆောင်​လာတဲ့ အဖွဲ့တ​ဖွဲ့နဲ့ တွေ့ဆုံ ပစ်​ခတ်​မှုဖြစ်​ပွားခဲ့ပြီး သိမ်းဆည်းရမိခဲ့တဲ့ အိုက်စ် မူးယစ်​​ဆေးဝါး ၃၀ ကီလို (တန်​ဖိုးကျပ်​သိန်း​ ၆၀၀၀)လောက်ကို ဒီ​နေ့ မနက် နိုင်​ငံ​တော်​ကို အပ်​နှံ​ခဲ့ပါတယ်​။ RCSS မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေးဌာနကြီးမှူး ဒု​ဗိုလ်​မှူးကြီးစိုင်းဟန်​က​ “ကျနော်​တို့ တပ်​မဟာ (၇၂၇) လက်​​အောက်​ခံ တပ်​ရင်း (၄၅၃)က နယ်​​မြေလှုပ်​ရှား​နေတဲ့ အဖွဲ့ငယ်​တ​ဖွဲ့နဲ့ တားဆီးစစ်​​ဆေးရာက​နေ မူးယစ်​​ဆေးဝါးသယ်​​ဆောင်​လာတဲ့ အဖွဲ့နဲ့ ထိ​တွေ့ ပစ်​ခတ်​မှုဖြစ်​ပြီး ဒီပစ္စည်း​တွေကို သိမ်းဆည်းရမိခဲ့ပြီး နိုင်​ငံ​တော်​အစိုးရကိုလွှဲအပ်​​ပေးတာပါ" လို့ ပြောပါတယ်​။ မိုင်းဆတ်​မြို့နယ်​နဲ့ မိုင်းတုံမြို့နယ်​အကြား ​ဒေသအ​ခေါ် တာမိန်းမွန်း ကူးတို့ဆိပ်​အနီးမှာ ဧပြီ ၂၆ ရက်​​ မနက်​က မူးယစ်​​ဆေးဝါးသယ်​​ဆောင်​လာတဲ့ အဖွဲ့တ​ဖွဲ့နဲ့ RCSS တပ်​ဖွဲ့တို့​ တွေ့ဆုံပစ်​ခတ်​ရာက  မူးယစ်​​ဆေးဝါး​တွေ ဖမ်းဆီးရမိခဲ့တာပါ။ "ကျနော်​တို့က ​ဒေသတွင်းမှာ မူးယစ်​​ဆေးဝါး ထိန်းချုပ်​​လျော့ချ​ရေး​တွေ လုပ်​​နေသလို လက်​လှမ်းမီရာ​နေရာ​တွေနဲ့ ဌာနချုပ်​မှာလည်း မူးယစ်​​ဆေးဖြတ်​​ပေး​နေတာ​တွေလည်း လုပ်​​နေ တာပါ။ အန်စီအေသ​ဘောတူညီချက်​ပါ မူးယစ်​​ဆေးဝါးပူး​ပေါင်း ထိန်းချုပ်​​ရေး အစီအမံအတိုင်း​ ဆောင်​ရွက်​​နေတာဖြစ်​ပါတယ်​" လို့ ဒုဗိုလ်​မှူးကြီးစိုင်းဟန်​က ပြောပါတယ်​။ အဆိုပါ မူးယစ်​​ဆေးဝါးတွေ လွှဲ​ပြောင်းအပ်​နှံ​ပေးတဲ့ အခမ်းအနားကို RCSS တပ်​မဟာ (၇၂၇) တပ်​မဟာမှူး ဗိုလ်​မှူးကြီးတင်း​ခေးနဲ့ ဆက်​ဆံ​ရေးအရာရှိတွေ၊ မိုင်းဆတ်​ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီး​စော​ဇေယျာလင်းနဲ့ ရဲအရာရှိတွေ၊ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦး​နေ​အောင်​နဲ့ ရပ်​ကျေး အုပ်​ချုပ်​​ရေးမှူးတွေအပြင် ရပ်​မိရပ်​ဖတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ သတင်း - ​အောင်​​ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024