A d v e r t i s e m e n t With Us

ကျောက်တန်းကျေးရွာသား ၃၅ ဦး ထပ်​မံလွတ်​​မြောက်၊ ၄ ဦးကို ရဲစခန်းပို့ဆောင်

တပ်​မ​တော်​က ထိန်းသိမ်းစစ်​​ဆေး​နေတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာသား ၃၅ ဦး ဒီနေ့ ထပ်မံလွတ်​​မြောက်​လာပြီး ၄ ဦးကိုတော့ စစ်​​တွေ အမှတ်​(၁)ရဲ စခန်းကို ခေါ်ဆောင်သွားတယ်လို့ လွတ်​​မြောက်​လာသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ကျောက်​တန်း​​ကျေးရွာသား ၂၇၅ ဦးကို တပ်​မ​တော်​က ဧပြီ ၃၀  ရက်မှာ ဖမ်းဆီး စစ်ဆေးနေစဉ် မေ ၂ ရက်မနက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး ​သေဆုံးကာ ၈ ဦး ဒဏ်​ရာရရှိခဲ့ပါတယ်။ မေ ၃ ရက်မနက်ကတော့ ၁၂၆ ဦးကို တပ်မတော်က ပြန်လွှတ်​ပေးခဲ့ပြီး မေလ ၆ ရက် မွန်းလွဲပိုင်းမှာလည်း ၄၈ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီကနေ့တော့ ကျန်သူတွေထဲက ၃၅ ဦးကို ထပ်မံလွတ်မြောက်လာတာလို့ ဖမ်းဆီးခံထားရတဲ့ ရွာသားတဦးရဲ့ မိသားစုဝင်ကပြောပါတယ်။ "ဒီ​နေ့ ​မေလ ၈ ရက်​​နေ့ ​နေလည်​ပိုင်းမှာ ၃၅ ဦးလွှတ်​​ပေးလိုက်​ပါတယ်။ ၄ ဦးကို​တော့ စစ်​​တွေ အမှတ်​(၁) ရဲစခန်းကို​ ခေါ်​ဆောင်​သွားပါတယ်​။ ​နောက်​ ကျန်​လူ​တွေကို​တော့ စစ်​​ဆေးဆဲပါ”လို့ ပြောကြားပါတယ်​။ ​မေလ ၇ ရက်​​နေ့ မနက်​ပိုင်းကလည်း ရခိုင်​ပြည်​နယ် ​လွှတ်​​တော်​ကိုယ်​စားလှယ်​တွေဟာ ကျောက်​တန်း​ကျေးရွာသို့ သွား​ရောက်​ပြီး ​သေဆုံးသွားသူ ၆ ဦးရဲ့ မိသားစုတွေနဲ့ တွေ့ဆုံကာ​ သေဆုံးသူတ​ဦးကို​ ​ကျပ် တသိန်းစီနဲ့ လက်​ရှိ ဖမ်းဆီးစစ်​​ဆေးခံ​နေသူတွေရဲ့ အဓိကလိုအပ်​​နေ​တဲ့ ​သောက်​​ရေသန့်​တွေ ကူညီ ​ထောက်​ပံ့ခဲ့ပါတယ်။ မေလ ၅ ရက်က ကျောက်တန်းသို့ သွားရောက်ခဲ့ကြတဲ့ စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်တွေ (စစ်တွေ)မှ ဆရာတော်ကြီးတွေက ကျောက်တန်းကျေးရွာအတွက် လိုအပ်နေတဲ့ ရိက္ခာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ပို့ဆောင်​ပေးလိုက်​တဲ့ စားနပ်​ရိက္ခာအချိုလည်း မ​နေ့က ရောက်​ရှိလာ​ကြောင်း ​ကျေးရွာသားတွေက​ပြောပါတယ်​။ "မ​နေ့ရိက္ခာက လုံ​လောက်​မူမရှိ​သေးပါ။ ဆရာ​​တော်​​တွေပို့လိုက်​တာလည်း ကျေးဇူးတင် ​ပါတယ်​။ ရိက္ခာ​တွေကို အခု ဖမ်းဆီးစစ်​​ဆေး​နေတဲ့ ၈၁ ဦးမိသားစုနဲ့ မ​နေ့က လွတ်​​မြေက်​လာတဲ့ ၄၈ ဦးရဲ့ မိသားစု​တွေကို​ ဦးစား​ပေးတဲ့အ​နေနဲ့ ဝေငှ​ပေးလိုက်​ပါတယ်။ ကျန်​တဲ့ ရွာသူ/သား ၁၇၀၀ ကျော်​က​တော့ ရိက္ခာပြတ်​လပ်​ဆဲပါ။ အခု ဇက်​သ​င်္ဘော တ​စီးအပြည့် တပ်​က အင်​အား တိုးချ​နေပါတယ်။ ​နောက်​ ဘာ​တွေဖြစ်​လာမလဲ ဆိုတာ ရွာသူ/သား​တွေ အထူးစိုးရိမ်​မှု ရှိ​နေကြပါတယ်​"လို့​ပြောကြားပါတယ်​။ ဖမ်းဆီးစစ်​​ဆေးခံနေရတဲ့ ​ကျောက်​တန်း​ကျေးရွားသား ကိုမဲသီး (ခ) ငမဲ (၃၂) နှစ်ဟာလည်း စိတ်ဖောက်ပြန်နေတယ်လို့ ရွာသားတဦးရဲ့ ပြောပြချက်အရ သိရပါတယ်​။ မေ ၃ ရက်​​က စပြီး ​ကျောတန်းပစ်​ခတ်​မှု စုံစမ်းစစ်ရေးအဖွဲ့ကာ စစ်​​ဆေး​နေ​ကြောင်းနဲ့  အပြစ်​မရှိတဲ့ရွာသားတွေကို ပြန်လွှတ်​​ပေးပြီး အပြစ်​ရှိသူ​တွေကို​တော့ ဥပ​ဒေအရ အ​ရေးယူ​ ဆောင်​ရွက်​သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ​ပြောပါတယ်​။ ဗညား

A d v e r t i s e m e n t With Us

More News
Up