A d v e r t i s e m e n t With Us

မလှိုင်မြို့နယ်တွင် လျှပ်စစ်ရေနွေးအိုး အပူလွန်ကဲရာက အဆောက်အဦ ၄လုံး မီးလောင်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ညောင်အုပ်ရွာမှာ မေလ ၇ရက် ညနေက လျှပ်စစ်ရေနွေးအိုး အပူလွန်ကဲပြီး မီးလောင်ခဲ့ရာ အဆောက်အဦ ၄လုံး မီးလောင်သွားတယ်လို့ မလှိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ညောင်အုပ်ရွာနေ ဦးစောမောင်(၆၃နှစ်)ရဲ့ နေအိမ်မီးဖိုမှာ လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ရာက အပူလွန်ကဲပြီး မီးလောင်ခဲ့တာပါ။ မလှိုင်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်က "လျှပ်စစ်ရေနွေးအိုး တည်ထားတာမေ့ပြီး အလှူပွဲကို သွားကြတယ်။ မီးဖိုကို မီးလောင်တယ်။ အဲနောက် တခြားအဆောက်အဦတွေကိုပါ မီးကူးစက်တယ် လူနဲ့တိရိစ္ဆာန် ထိခိုက်မှု မရှိပါဘူး။ အဆောက်အဦ ၄ လုံး မီးလောင်သွားတယ်။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၅ ဦးကို သူတို့ဆွေမျိုးအိမ်မှာပဲ နေရာချထားပေးတယ်။ ဆုံးရှုံးတန်ဖိုး ၂၇၈၀၀၀ ခန့်မှန်းထားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေအရံ ၂၅ ဦးနဲ့ ကျေးလက်ပြည်သူတွေ ပူးပေါင်းပြီး မီးသတ်ကား ၄ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။ အိမ်ရှင် ဦးစောမောင်ကိုတော့ မီးပေါ့ဆစွာသုံးစွဲပြီး မီးလောင်စေမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ နှောကန်ရွာရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up