A d v e r t i s e m e n t With Us

ဟောလိဝုဒ်မင်းသမီး အန်းဟက်သဝေးနှင့် ရီဘဲလ်ဝီလ်ဆန် အပြိုင်သရုပ်ဆောင်ထားသည့် ဟာသရုပ်ရှင် – The Hustle (နမူနာ)

Hollywood Comedy အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Hustle ရုပ်ရှင်ကို လာမယ့် မေလ ၁၀ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Welsh ရုပ်ရှင်ဒါရိုက်တာ Chris Addison က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကြီး အမေရိကန်ရုပ်ရှင်ကုမ္ပဏီ  Metro-Goldwyn-Mayer က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဘဝမှာ ပတ်သက်ခဲ့တဲ့ ဆိုးဝါးတဲ့ အမျိုးသားတွေရဲ့ လှည့်စားတာခံရတဲ့အတွက် ဒါကို ကလဲ့စားပြန်ချေဖို့ ပူးပေါင်းမိသွားတဲ့ အလွှာခြားတဲ့ အမျိုးသမီး ၂ ယောက်အကြောင်း ရှုစားကြရမှာဖြစ်ပြီး တရားမျှတမှုမရှိတဲ့ ဝန်းကျင်မှာ ဒီအတွက် ဘယ်သူတွေက တာဝန်ယူမလဲ။ ဘယ်သူတွေမှာရော တာဝန်ရှိသလဲ ဆိုတာတွေကို ဟာသပုံစံနှော ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် နာမည်ကြီး သရုပ်ဆောင်မင်းသမီး ၂ လက်ဖြစ်တဲ့ Anne Hathaway၊ Rebel Wilson တို့နဲ့အတူ သရုပ်ဆောင်မင်းသား Alex Sharp နဲ့ Dean Norris တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ရွှေကမ္ဘာလုံးဆု အပါအဝင် အကယ်ဒမီ ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး Anne Hathaway နဲ့ Pitch Perfect ရုပ်ရှင် Series တွေနဲ့ ပရိသတ်တွေ သတိပြုမိကြတဲ့ သြစတြေးလျ ဟာသ သရုပ်ဆောင်မင်းသမီး Rebel Wilson တို့ရဲ့ တွဲဖက်မှုက တမူထူးခြားနေခဲ့ပြီး ထွက်မလာခင်ကတည်းက ဒီကားဟာ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up