A d v e r t i s e m e n t With Us

သီရိလင်္ကာတွင် တွင်းထဲပြုတ်ကျပြီး ပိတ်မိနေသည့် ဆင်ပေါက်လေး ၂ ကောင်အား ကယ်ဆယ် (ရုပ်သံ)

သီရိလင်္ကာနိုင်ငံမှာ မေလ ၆ ရက်နေ့က တွင်းတခုထဲ ပြုတ်ကျပြီး ၃ နာရီကြာ ပိတ်မိနေတဲ့ ဆင်ပေါက်ကလေးနှစ်ကောင်ကို တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ကယ်ဆယ်ခဲ့ကြပါတယ်။ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး တာဝန်ရှိသူတွေဟာ မြေတူးစက်သုံးပြီး ဆင်ပေါက်ကလေးနှစ်ကောင် အပေါ်တက်နိုင်ဖို့ လမ်းဖောက်ပေးခဲ့ကြပါတယ်။ ပထမတကောင်က အပေါ်ကို ချက်ချင်းရောက်သွားပေမယ့် နောက်တကောင်ကတော့ မြေတူးစက်နဲ့ ပင့်တင်ပေးလိုက်မှ အပေါ်တက်နိုင်ခဲ့ပါတယ်။ အဲဒီ ဆင်ပေါက်ကလေးနှစ်ကောင်ဟာ ပုဂ္ဂလိကပိုင် လယ်မြေတခုထဲက တွင်းထဲကို ကျခဲ့တယ်၊ ဆင်မကြီးက သူ့ကလေးတွေကို ကယ်ဖို့ ကနဦး ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဆင်ပေါက်လေးတွေကို တွင်းထဲကနေ ကယ်ထုတ်ပြီးနောက် ဖျောက်အိုးတွေဖောက်ပြီး တောထဲကို ပြန်ပို့ပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up