A d v e r t i s e m e n t With Us

ဟန်ဆောင်လှဲချမှု အများဆုံးအသင်းအဖြစ် အာဆင်နယ် သတ်မှတ်ခံရ

အခုနှစ်ဘောလုံးရာသီမှာ ဟန်ဆောင်လှဲချမှု အများဆုံးအသင်းအဖြစ် အာဆင်နယ်အသင်း  သတ်မှတ်ခံခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဒိုင်ဗင်ထိုးတာလို့ ခေါ်ကြတဲ့ ပြိုင်ဘက်ရဲ့ ဖျက်ထုတ်မှုနဲ့ အမှန်တကယ်မထိဘဲ ဟန်ဆောင်လှဲချတဲ့ အကြိမ်အရေအတွက် ၆ ကြိမ်အထိ ရှိခဲ့တာပါ။ အာဆင်နယ် ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ မူစတာဖီက ဟန်ဆောင်လှဲချမှုကြောင့် အဝါကတ် နှစ်ကြိမ်ပြသခံခဲ့ရပြီး ဆိုကရားတစ်၊ လာကာဇက်တီ၊ ချာကာ၊ ဂွန်ဒူဇီတို့က တကြိမ်စီ အဝါကတ် ပြသခံခဲ့ရတာဖြစ်ပါတယ်။ ဟန်ဆောင်လှဲချမှု ဒုတိယအများဆုံးအသင်းက စပါးအသင်းဖြစ်ပြီး ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ လူးကပ်စ်မိုရာနဲ့ ဒန်နီရို့စ်တို့က ဟန်ဆောင်လှဲချမှုကနေ အဝါကတ်လေးကတ် ပြသခံခဲ့ရတာပါ။ အဲဒီနောက်မှာ ဟတ်ဒါစ်ဖီးလ်ဒ်၊ ဆောက်သမ်တန်တို့က ရပ်တည်နေပါတယ်။ ထိပ်တန်းအသင်းတွေထဲမှာတော့ မန်ယူနဲ့ လီဗာပူး အသင်းတွေက ဟန်ဆောင်လှဲချမှုကနေ အဝါကတ်ပြသခံရမှု မရှိတဲ့ အသင်းတွေဖြစ်ပြီး ချဲလ်ဆီး၊ မန်စီးတီးတို့က တကြိမ်စီ ပြသခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up