မုံရွာကြက်မွေးမြူရေးဇုန်တွင် မီးလောင်










1.3K
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကြက်မွေးမြူရေးဇုန်မှာ ဒီကနေ့မွန်းလွဲပိုင်းက ကြက်ခြံ ၁၀ ခြံထက်မနည်း မီးလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့တွေက ကြိုးစားငြှိမ်းသတ်နေကြဆဲ ဖြစ်ပါတယ်။
ဘာကြောင့် မီးလောင်ရတယ်ဆိုတာတော့ မသိရသေးပါဘဲ နေပူပြင်းတဲ့အချိန်မှာ မီးပွားတွေလွင့်ပြီးကွက်ကြားလောင်ကျွမ်းနေလို့ မီးသတ်ရတာမှာလည်း အခက်အခဲရှိနေပါတယ်။
မီးသတ်၊ ပြည်သူ၊ တပ်၊ ရဲ၊ လူမှုကူညီရေးအသင်းတွေ၊ ရဟန်းသံဃာတွေက မီးသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေနဲ့ ဝိုင်းဝန်းကြိုးပမ်းမီးသတ်ခဲ့ကြရာမှာ မွန်းလွဲ ၁ နာရီခွဲ ကျော်လောက်မှာ မီးထိမ်းထားနိုင်ပြီလို့ သိရပါတယ်။
မုံရွာကြက်မွေးမြူရေးဇုန်မှာ အခုနှစ်အတွင်း ဒုတိယအကြိမ် မီးလောင်ကျွမ်းတာ ဖြစ်ပါတယ်။