တရုတ် စတော့ရှယ်ယာဈေးကွက် အဆိုးဆုံး ကျဆင်းခဲ့ပြီးနောက် အနည်းငယ်ပြန်တက်

အမေရိကန်က တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကုန်စည်တွေကို ထပ်ဆောင်းခွန် တိုးကောက်မယ့် အစီအစဉ် စပြီလို့ ကြေညာအပြီး သီတင်းပတ် ငါးပတ်တာ ကျဆင်းနေခဲ့တဲ့  အာရှ စတော့ရှယ်ယာဈေးဟာ မေလ ၇ ရက်မှာ အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဘဏ္ဍာရေးဈေးကွက်တွေ ထိတ်လန့်တုန်လှုပ်ခဲ့သလို ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ လမ်းချော်မှာကိုလည်း စိုးရိမ်နေကြတာပါ။ တရုတ် စတော့ရှယ်ယာဈေးကွက်ဟာ ၃ နှစ်ကျော်ကြာ ကာလအတွင်း အဆိုးဆုံး ကျဆင်းခဲ့အပြီး မေလ ၆ ရက်မှာ နည်းနည်း ပြန်တက်လာခဲ့ပါတယ်။ ရှန်ဟိုင်းဈေးကွက်မှာ ၀ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဟောင်ကောင်ဈေးကွက်မှာ ၀ ဒသမ ၂ ရာခိုင်နှုန်း ပြန်တက်ခဲ့တာပါ။ ဂျပန် နစ်ခေး စတော့ရှယ်ယာ ဈေးကွက်မှာတော့ ၁ ဒသမ ၆ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ ထရမ့်ကတော့ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ဖိုး တရုတ်ကုန်စည်တွေကို ဒီသီတင်းပတ်ကုန်ရက်က စပြီး ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းထိ ထပ်ဆောင်းခွန် တိုးကောက်မယ်လို့ မေလ ၅ ရက်နေ့က ပြောခဲ့ပါတယ်။ ကျန်နေတဲ့ တရုတ် တင်သွင်းကုန်တွေအပေါ် ထပ်ဆောင်းခွန်တွေ မကြာခင် ပစ်မှတ်ထား ကောက်ခံသွားမယ်လို့လည်း ပြောခဲ့ပါတယ်။ တရုတ်-အမေရိကန် အပြန်အလှန် ကုန်သွယ်ရေး ဆွေးနွေးပွဲအတွက် အမေရိကန် အကြီးတန်းအရာရှိတွေရဲ့ ဖိတ်ကြားချက်အရ တရုတ်ဒုဝန်ကြီးချုပ် လျိုဟော့ဟာ အမေရိကန်နိုင်ငံဆီ မေလ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ သွားရောက်လည်ပတ်မယ်လို့ တရုတ်အစိုးရ မီဒီယာ CCTV က မေလ ၇ ရက်မှာ ပြောပါတယ်။ ဆွေးနွေးပွဲတွေအတွက် အကျယ်တဝင့် ရှင်းပြတာ မရှိသလို ဆွေးနွေးဖို့ မျှော်လင့်ထားတဲ့ အကြောင်းအရာတွေကိုလည်း မပြောခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up