မန်စီးတီးနှင့်ပွဲတွင် ဂိုးပေါက်လွဲခဲ့သည့် အီဟီယာနာချိုအား စစ်ဆေးရန် လက်စတာပရိသတ် ဆန္ဒရှိ

1.4K
မန်စီးတီးနဲ့ပွဲမှာ အပိုင်အခွင့်အရေး လွဲချော်ခဲ့တဲ့ လက်စတာ တိုက်စစ်မှူး အီဟီယာနာချိုကို စစ်ဆေးဖို့ ပရိသတ်တချို့က ဆန္ဒရှိနေကြပါတယ်။
တနင်္လာနေ့က လက်စတာကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ မန်စီးတီးအသင်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး မိနစ် ၇၀ ရောက်မှ ကွန်ပနီက အနိုင်ဂိုး သွင်းယူခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ လက်စတာတိုက်စစ်မှူး အီဟီယာနာချို အပိုင်အခွင့်အရေးတကြိမ် ရခဲ့ပေမယ့် ဂိုးပေါက်မတည့်ခဲ့တာကြောင့် လက်စတာအသင်း သရေတမှတ်ရစေမယ့် အခွင့်အရေး လွဲချော်ခဲ့ရပါတယ်။
အီဟီယာနာချိုရဲ့ လွဲချော်မှုဟာ မန်စီးတီး အမှတ်လျော့မှ ချန်ပီယံဖြစ်နိုင်မယ့် လီဗာပူးပရိသတ်တွေအတွက်ပါ နစ်နာခဲ့ရတာပါ။
အိုင်ဗရီကို့စ်တိုက်စစ်မှူး နာချိုဟာ မန်စီးတီးအသင်း အကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး အသင်းကြီးမှာ ကစားခဲ့တဲ့ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အတွင်း နည်းပြ ဂွါဒီယိုလာရဲ့ ချီးကျူးမှုတွေလည်း ရခဲ့တဲ့ တိုက်စစ်မှူးတဦး ဖြစ်ပါတယ်။
ပရိသတ်တဦးကတော့ အီဟီယာနာချိုရဲ့ လွဲချော်မှုအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အသနားခံစာ တင်သွင်းသင့်တယ်လို့ တွစ်တာမှာ ရေးသားခဲ့ပြီး အီဟီယာနာချို ဂိုးမသွင်းချင်ခဲ့တဲ့ အပေါ်မှာ တစုံတယောက်က စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ အရွှန်းဖောက်ခဲ့ပါတယ်။
တခြား တွစ်တာက ဘောလုံးပရိသတ်တွေကလည်း ဂိုးသွင်းခွင့် ဖြုန်းတီးပစ်ခဲ့တဲ့ အီဟီယာနာချိုအပေါ် အမျိုးမျိုး နောက်ပြောင်ခဲ့ကြပြီး အသင်းဟောင်း မန်စီးတီးကို ကူညီခဲ့ကြတယ်လို့ နောက်ပြောင်ခဲ့ကြပါတယ်။